တောလည် 26:54 - မြန်မာ့စံမီသမ္မာကျမ်း လူဦးရေများလျှင် များသည့်အတိုင်း အမွေခွဲဝေပေးရမည်။ လူဦးရေနည်းလျှင် နည်းသည့်အတိုင်း အမွေခွဲဝေပေးရမည်။ အမျိုးအနွယ်အသီးသီးတို့ကို သူတို့၏အရေအတွက်နှင့်အညီ အမွေခွဲဝေပေးရမည်။ Garrad Bible ဦး ရေ များ လျှင် အ ပိုင်း ကျယ် ကို လည်း ကောင်း၊ ဦး ရေ နည်း လျှင် အ ပိုင်း ကျဉ်း ကို လည်း ကောင်း အ နွယ် အ သီး သီး တို့ အား စာ ရင်း ဝင် သူ နှင့် အ မျှ ဝေ ပေး လော့။ Judson Bible လူများလျှင်များသောအမွေမြေကိုလည်းကောင်း၊ လူနည်းလျှင် နည်းသော အမွေမြေကိုလည်းကောင်း၊ အနည်းအများအလိုက် အသီးအသီးတို့အား အမွေမြေကိုဝေပေးရမည်။ |
အကျွန်ုပ်တို့သည် သခင်၏ရှေ့၌ မျက်နှာရပါလျှင် ဤပြည်ကို သခင်၏အစေအပါးတို့အား ပိုင်ဆိုင်ရာမြေအဖြစ်ပေးပါ။ ဂျော်ဒန်မြစ်တစ်ဖက်သို့ အကျွန်ုပ်တို့မကူးပါရစေနှင့်”ဟု လျှောက်ကြ၏။
သင်တို့၏မျိုးနွယ်စုအလိုက် ထိုပြည်ကို မဲချ၍ အမွေခွဲဝေပေးရမည်။ မျိုးနွယ်စုလူဦးရေ များလျှင်များသည့်အလျောက်၊ နည်းလျှင်နည်းသည့်အလျောက် အမွေမြေပေးရမည်။ မိမိအတွက် မဲကျသောနေရာသည် မိမိ၏အမွေဖြစ်ရမည်။ သင်တို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အမွေဆက်ခံကြရမည်။
သင်တို့ပေးသောမြို့များသည် အစ္စရေးအမျိုးသားတို့ပိုင်ဆိုင်ရာမြေထဲမှ ဖြစ်ရမည်။ ပိုင်ဆိုင်ရာမြေများလျှင် များသည့်အလျောက်၊ နည်းလျှင် နည်းသည့်အလျောက် အသီးသီးရရှိသောအမွေပမာဏနှင့်အညီ လေဝိအမျိုးတို့အား မြို့များကို ပေးရမည်”ဟု မိန့်တော်မူ၏။
တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။
ယုဒအမျိုးအနွယ်၏အမွေမြေသည် အလွန်ကျယ်ဝန်းသောကြောင့် သူတို့၏အမွေမြေထဲမှ ရှိမောင်အမျိုးအနွယ်ကို အမွေမြေခွဲပေး၏။ ထို့ကြောင့် ရှိမောင်အမျိုးအနွယ်သည် ယုဒအမျိုးအနွယ်၏အမွေမြေထဲမှ အမွေရခြင်းဖြစ်၏။