ကိုယ်တော့်အမျက်တော်တန်ခိုးကိုလည်းကောင်း၊ အမျက်ထွက်သည့်ပမာဏနှင့်အညီ ကြောက်ရွံ့ရကြောင်းကိုလည်းကောင်း မည်သူသိနိုင်ပါသနည်း။
တောလည် 25:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အစ္စရေးလူမျိုးတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်သောကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်လေ၏။ Common Language Bible ထိုအခါထာဝရဘုရားသည်အမျက်တော် ထွက်၍၊- Garrad Bible ထို သို့ ဗာ လ ပေ ဂု ရ နတ် ကို မှီ ဝဲ ကြ သော ကြောင့် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အား အ မျက် တော် ထား လျက်၊ Judson Bible ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။ |
ကိုယ်တော့်အမျက်တော်တန်ခိုးကိုလည်းကောင်း၊ အမျက်ထွက်သည့်ပမာဏနှင့်အညီ ကြောက်ရွံ့ရကြောင်းကိုလည်းကောင်း မည်သူသိနိုင်ပါသနည်း။
သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။
ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
မောရှေကလည်း အစ္စရေးလူမျိုးတို့၏တရားသူကြီးတို့အား “သင်တို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်သောကိုယ့်လူအသီးသီးကို သတ်ရမည်”ဟု ဆို၏။
ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
ပေဂုရတောင်၌ ငါတို့ပြုခဲ့မိသောအပြစ်သည် မလုံလောက်သေးသလော။ ယခုအချိန်ထိ ထိုအပြစ်နှင့် ငါတို့မကင်းရှင်းသေး။ ထိုအပြစ်များကြောင့်လည်း ထာဝရဘုရား၏လူများအပေါ်သို့ ဘေးဒဏ်ကျရောက်ခဲ့ပြီ။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် မကောင်းမှုကို ပြုကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
သူတို့သည် ထာဝရဘုရားကို စွန့်၍ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်သဖြင့် “ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ဘိုးဘေးတို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြသောကြောင့်