ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
တောလည် 24:7 - မြန်မာ့စံမီသမ္မာကျမ်း သူ့ရေပုံးမှ ရေစီးကျလိမ့်မည်။ သူ၏မျိုးစေ့သည် ရေလုံလောက်စွာ ရလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းကြီးထက် မြင့်မြတ်၍ သူ၏နိုင်ငံသည်လည်း ချီးမြှောက်ခြင်း ခံရလိမ့်မည်။ Common Language Bible ယင်းတို့အပေါ်တွင်မိုးများစွာရွာသွန်းလိမ့်မည်။ ရေအလုံအလောက်ရရှိသောလယ်များတွင် စိုက်ပျိုးရလိမ့်မည်။ သူတို့၏ဘုရင်သည်အာဂတ်ဘုရင်ထက် တန်ခိုးကြီး၍နေရာအနှံ့သို့ သူ၏အာဏာစက်သက်ရောက်လိမ့်မည်။ Garrad Bible က ရား စုံ ဖြင့် ရေ သွန်း လောင်း သည့် အ လျောက် ရေ များ သော ဝမ်း ရာ၌ မျိုး ကြဲ ခွင့် ရှိ သည် ပြင် ထို လူ မျိုး၏ ဘု ရင် သည် အာ ဂတ် မင်း ထက် မြင့် မြတ် လျက် နိုင် ငံ လည်း ဂုဏ် ကြီး လိမ့် မည်။ Judson Bible ထိုအမျိုး၏ရေပုံးတို့မှ ရေစီးလိမ့်မည်။ ရေပေါသောအရပ်၌ မျိုးစေ့ကျလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော်သည် ချီးမြှောက်သော နိုင်ငံဖြစ်လိမ့်မည်။ |
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
ရှောလမုန်မင်းကြီးသည် ယူဖရေးတီးမြစ်မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်နယ်နိမိတ်တိုင်အောင် တိုင်းနိုင်ငံအလုံးစုံကို အုပ်ချုပ်ရ၏။ ထိုတိုင်းနိုင်ငံတို့သည် ရှောလမုန်မင်းကြီးအသက်ရှင်သမျှကာလပတ်လုံး လက်ဆောင်ပဏ္ဏာဆက်သရသောလက်အောက်ခံနိုင်ငံများ ဖြစ်ကြ၏။
ရှောလမုန်မင်းကြီးအား ရှင်ဘုရင်အဖြစ်ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေကြောင်း ဒါဝိဒ်မင်းကြီးလက်ထက်တစ်လျှောက် ဒါဝိဒ်မင်းကြီးနှင့်မိတ်ဆွေဖြစ်ခဲ့သော တိုင်ရာဘုရင်ဟိရံမင်းကြီးကြားသိလျှင် ရှောလမုန်မင်းကြီးထံသို့ မိမိအမှုထမ်းများကိုစေလွှတ်၍ မိတ်ဖွဲ့စေ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်ကို ချီးမြှင့်မြှောက်စားလေ၏။ သူ၌ရှိသောမှူးမတ်အပေါင်းတို့ထက် ရာထူးတိုးမြှင့်ပေး၏။
ကိုယ်တော်သည် အကျွန်ုပ်ကိုတိုက်ခိုက်သော လူတို့လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေ၍ လူမျိုးတကာတို့၏အကြီးအမှူး ဖြစ်စေတော်မူ၏။ အကျွန်ုပ်မသိဖူးသောလူတို့သည် အကျွန်ုပ်ကိုအစေခံကြပါ၏။
ဘုရားသခင်ကို လူထုပရိသတ်ကြီးအလယ်တွင် ကောင်းချီးထောမနာပြုကြလော့။ ထာဝရဘုရားကို အစ္စရေး၏စမ်းရေတွင်းမှ ကောင်းချီးထောမနာပြုကြလော့။
ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
ငါသည်လည်း သူ့ကို သားဦးအဖြစ်ခန့်ထား၍ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့တွင် အမြင့်ဆုံးသောအရှင်ဖြစ်စေမည်။
နောက်ဆုံးသောကာလ၌ ထာဝရဘုရားအိမ်တော်တည်ရာတောင်သည် တောင်တို့၏အထွတ်အထိပ်၌တည်၍ တောင်ကုန်းတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း ထိုတောင်သို့ စုဝေးလာကြလိမ့်မည်။
သတ်ဖြတ်မှုနေ့ကြီး၌ ရဲတိုက်များပြိုလဲသောအခါ မြင့်မားသောတောင်၊ အထွတ်အမြတ်ထားသောတောင်ကုန်း ရှိသမျှတို့ပေါ်၌ ချောင်းရေများစီးမည်။
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
မြစ်နား၌နေ၍ ဥစ္စာကြွယ်ဝသောမြို့၊ သင်၏မတရားအကျိုးစီးပွားရှာခြင်းများ အဆုံးသတ်မည့်အချိန်ရောက်လာပြီ။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
တစ်ဖန် ဗာလမ်သည် အာမလက်လူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “အာမလက်လူမျိုးသည် လူမျိုးတို့၏အထွတ်အထိပ်ဖြစ်သော်လည်း အဆုံး၌ သူသည်ပျက်စီးလိမ့်မည်”ဟု ဆို၏။
နာသနေလက “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
ထို့နောက် ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ များစွာသောရေတို့အပေါ်ထိုင်နေသော ပြည့်တန်ဆာမကြီးခံရမည့် တရားစီရင်ခြင်းကို သင့်အား ငါပြမည်။
ထို့နောက် ထိုကောင်းကင်တမန်က “သင်မြင်ရသော ပြည့်တန်ဆာထိုင်နေသည့်ရေများသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးများနှင့် လူထုပရိသတ်များဖြစ်ကြ၏။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။