ကျယ်ပြန့်သောချိုင့်ဝှမ်းများ၊ မြစ်နားရှိသောဥယျာဉ်များနှင့်တူပါသည်တကား။ ထာဝရဘုရားစိုက်တော်မူသောသစ်မွှေးပင်များ၊ ရေနားရှိသစ်ကတိုးပင်များနှင့်တူပါသည်တကား။
ရှည်လျားစွာပေါက်ရောက်နေသော ထန်းပင်တန်းများနှင့်တူပေသည်။ မြစ်ကမ်းနားမှာစိုက်သောဥယျာဉ်နှင့်လည်းကောင်း၊ ထာဝရဘုရားစိုက်တော်မူသော အကျော်ပင်များနှင့်လည်းကောင်း၊ ရေနီးရာ၌ပေါက်သောအာရဇ်ပင်များနှင့် လည်းကောင်း တူပေသည်။
ကျယ်ဝန်းသောချိုင့်များ၊ မြစ်နားမှာရှိသောဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသောအကျော်ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ်ကြသည်တကား၊
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
ထာဝရဘုရား၏သစ်ပင်များ၊ ကိုယ်တော်စိုက်ပျိုးထားသည့် လက်ဘနွန်ရှိသစ်ကတိုးပင်များသည် ရေဝကြ၏။
ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
“ချိုင့်ဝှမ်းလွင်ပြင်ရှိအပင်ငယ်တို့ကို ကြည့်ရှုရန်နှင့် စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ သလဲပင် ပွင့်မပွင့် တွေ့မြင်ဖို့ရန် သစ်သီးခြံသို့ အကျွန်ုပ်ဆင်းသွား၏။
တောကန္တာရ၌ သစ်ကတိုးပင်၊ အကေရှားပင်၊ မုရတုပင်၊ သံလွင်ပင်တို့ကို ပေါက်စေမည်။ သဲကန္တာရ၌ ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင်တို့ကို အတူတကွ ပေါက်ရောက်စေမည်။
ထာဝရဘုရားသည် သင့်ကို အစဉ်လမ်းပြတော်မူမည်။ ပူပြင်းခြောက်သွေ့သောအရပ်၌ သင့်ကိုဝပြောစေလျက် သင်၏အရိုးတို့ကို သန်မာစေတော်မူမည်။ သင်သည် ရေဝသောဥယျာဉ်ကဲ့သို့၊ ရေမပြတ်သောစမ်းရေတွင်းကဲ့သို့ ဖြစ်မည်။
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်တွင် သီးပင်စားပင်အမျိုးမျိုး ပေါက်ရောက်လိမ့်မည်။ သန့်ရှင်းရာဌာနမှစီးလာသော မြစ်ရေကို ရရှိသောကြောင့် အပင်တို့သည် အရွက်မညှိုးနွမ်း၊ အသီးလည်း မပြတ်။ လစဉ်အသီးသီးလိမ့်မည်။ အသီးသည် စားဖို့၊ အရွက်သည် အနာရောဂါပျောက်ကင်းဖို့ ဖြစ်လိမ့်မည်”ဟု ဆို၏။
ထိုနေ့ရက်ကာလတွင် တောင်များပေါ်မှ စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းများမှ နို့ရည်စီးကျလိမ့်မည်။ ယုဒမြစ်ချောင်းရှိသမျှတို့သည် ရေများစီးဆင်းနေလိမ့်မည်။ စမ်းရေသည်လည်း ထာဝရဘုရားအိမ်တော်မှ စီးထွက်၍ ရှိတ္တိမ်လွင်ပြင်ကို ရေဝစေလိမ့်မည်။
‘အို ယာကုပ်အမျိုး၊ သင်၏တဲများသည် တင့်တယ်လှသည်တကား။ အို အစ္စရေးလူမျိုး၊ သင်နေထိုင်ရာနေရာများသည် တင့်တယ်လှသည်တကား။