အကြောင်းမှာ သူတို့သည် အစ္စရေးအမျိုးသားတို့ကို အစာရေစာဖြင့်ဧည့်မခံဘဲ ဗာလမ်ကိုငှားရမ်း၍ ကျိန်ဆဲစေခဲ့၏။ သို့သော် ငါတို့၏ဘုရားသခင်သည် ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။
တောလည် 24:5 - မြန်မာ့စံမီသမ္မာကျမ်း ‘အို ယာကုပ်အမျိုး၊ သင်၏တဲများသည် တင့်တယ်လှသည်တကား။ အို အစ္စရေးလူမျိုး၊ သင်နေထိုင်ရာနေရာများသည် တင့်တယ်လှသည်တကား။ Common Language Bible ဣသရေလအမျိုးသားတို့၏တဲများသည် တင့်တယ်လှပေစွ။ Garrad Bible အို ယာ ကုပ် အ မျိုး၊ အို ဣ သ ရေ လ အ နွယ်၊ သင် တို့၏ ယာ ယီ တဲ များ သည် ရှည် လျား သော ချိုင့်၊ မြစ် ကမ်း ခြေ ခြံ၊ ထာ ဝ ရ ဘု ရား စိုက် ပျိုး တော် မူ သော အ ကျော် ပင်၊ ရေ အ နီး ရှိ သစ် က တိုး ပင် များ ကဲ့ သို့ တင့် တယ် လေ စွ။ Judson Bible အိုယာကုပ်အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလအမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက် တင့်တယ်ကြသည်တကား။ |
အကြောင်းမှာ သူတို့သည် အစ္စရေးအမျိုးသားတို့ကို အစာရေစာဖြင့်ဧည့်မခံဘဲ ဗာလမ်ကိုငှားရမ်း၍ ကျိန်ဆဲစေခဲ့၏။ သို့သော် ငါတို့၏ဘုရားသခင်သည် ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၏တံတိုင်းတော်များကို လွမ်းဆွတ်၍ မူးမေ့မတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးနှင့် အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အသက်ရှင်သောဘုရားသခင်ထံ ရွှင်လန်းစွာသီချင်းဆိုပါ၏။
မောရှေပြောသည့်အတိုင်း သက်သေခံတော်မူချက်ထားရှိသောကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အတွက် ပြုစုထားသောပစ္စည်းစာရင်းကား ဤသို့တည်း။ ထိုစာရင်းကို ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာဦးဆောင်၍ လေဝိအမျိုးတို့က ပြုစုကြ၏။
“အို ငါ့ချစ်သူလေး၊ သင်သည် တိရဇာမြို့ကဲ့သို့လှပ၍ ဂျေရုဆလင်မြို့ကဲ့သို့ တင့်တယ်၏။ အောင်လံလွှင့်ထူသောသူများကဲ့သို့ ခန့်ညားလှပါ၏။
သင်တို့သည် ခုနစ်ရက်ပတ်လုံး ယာယီတဲ၌သာ နေထိုင်ရမည်။ အစ္စရေးအမျိုးသားတိုင်း ယာယီတဲ၌ နေထိုင်ရမည်။
ထိုသို့ပြုသောသူ မည်သူမဆို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားထံတော်သို့ ပူဇော်သက္ကာကိုယူဆောင်လာလျှင် ထာဝရဘုရားသည် ထိုသူ၏မျိုးနွယ်ကို ယာကုပ်၏တဲမှ နှင်ထုတ်တော်မူပါစေသော။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။
မျှော်ကြည့်ရာ မျိုးနွယ်အလိုက် စခန်းချနေသောအစ္စရေးလူမျိုးတို့ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့သက်ရောက်တော်မူ၍
မျက်စိပွင့်လျက် လဲကျသွားပြီး အနန္တတန်ခိုးရှင်ထံမှစိတ်အာရုံကိုမြင်ရသောသူ၊ ဘုရားသခင်၏စကားတို့ကိုကြားရသောသူ၏နိမိတ်စကားမှာ
ကျယ်ပြန့်သောချိုင့်ဝှမ်းများ၊ မြစ်နားရှိသောဥယျာဉ်များနှင့်တူပါသည်တကား။ ထာဝရဘုရားစိုက်တော်မူသောသစ်မွှေးပင်များ၊ ရေနားရှိသစ်ကတိုးပင်များနှင့်တူပါသည်တကား။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။
သို့ရာတွင် ငါသည် ဗာလမ်၏စကားကိုနားမထောင်။ သို့ဖြစ်၍ သူသည် သင်တို့ကို မကျိန်ဆဲဘဲ အကြိမ်ကြိမ်ကောင်းချီးပေးရ၏။ ငါသည် သင်တို့ကို သူ၏လက်မှကယ်နုတ်ခဲ့၏။