ထို့နောက် ယာကုပ်သည် မိမိ၏သားတို့ကိုခေါ်၍ “စုဝေးကြလော့။ နောင်ကာလတွင် သင်တို့၌ဖြစ်ပျက်မည့်အရာကို သင်တို့အား ငါပြောပြမည်။
တောလည် 24:14 - မြန်မာ့စံမီသမ္မာကျမ်း ယခု ငါ့လူမျိုးထံသို့ ငါပြန်သွားမည်။ နောင်အခါ ဤလူမျိုးသည် သင့်လူမျိုးကို မည်သို့ပြုမည်ကို သင့်အား ငါသတိပေးခဲ့မည်”ဟု ဆို၍ Common Language Bible ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။- Garrad Bible ယ ခု မှာ အ မျိုး သား ချင်း တို့ ရှိ ရာ သို့ မ ပြန် မီ ဘု ရင် မင်း လူ မျိုး အား နောင် ကာ လ ဤ လူ မျိုး ပြု လ တ္တံ့ သော အ ခြင်း အ ရာ ကို ကျွန်ုပ် ကြား ပြော ပါ မည် ဟု ဆို ပြီး လျှင်၊ Judson Bible ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီးအားကြားပြောပါမည်ဟု ဗာလက်မင်းအားပြန်ဆိုပြီးမှ၊ |
ထို့နောက် ယာကုပ်သည် မိမိ၏သားတို့ကိုခေါ်၍ “စုဝေးကြလော့။ နောင်ကာလတွင် သင်တို့၌ဖြစ်ပျက်မည့်အရာကို သင်တို့အား ငါပြောပြမည်။
အကျဉ်းသားများကို တွင်းထဲ၌ တစ်စုတည်းစုထည့်ထားသကဲ့သို့ သူတို့သည် ထောင်ထဲ၌ ချုပ်နှောင်ထားခြင်းခံရမည်။ နေ့ရက်များစွာကုန်လွန်ပြီးမှ ဒဏ်ခတ်ခြင်းခံရမည်။
သို့သော် နောင်ကာလတွင် ဖမ်းခေါ်သွားခြင်းခံရသောမောဘပြည်သားတို့ကို ငါပြန်လာစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤသည်ကား မောဘပြည်အတွက် တရားစီရင်ခြင်းပေတည်း။
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောဧလံပြည်သားတို့ကို နောင်ကာလတွင် ငါပြန်လာစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
သူ့ကို ငါတွေ့၏။ သို့သော် ယခုမဟုတ်။ သူ့ကို ငါမြင်၏။ သို့သော် အနီးမှာမဟုတ်။ ယာကုပ်အမျိုးထဲမှ ကြယ်တစ်လုံးပေါ်ထွန်းလိမ့်မည်။ အစ္စရေးလူမျိုးထဲမှ ရာဇလှံတံ ပေါ်ပေါက်လိမ့်မည်။ သူသည် မောဘပြည်စွန်းတိုင်အောင် ချေမှုန်း၍ ရှေသအမျိုးသားအားလုံးကို ဖျက်ဆီးလိမ့်မည်။
ထို့နောက် ဗာလမ်သည် ထ၍မိမိနေရပ်သို့ ပြန်သွားလေ၏။ ဗာလက်မင်းကြီးသည်လည်း သူ့လမ်းသူပြန်သွားလေ၏။
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
သို့သော် နောက်ဆုံးသောနေ့ရက်တို့၌ ခဲယဉ်းသောအချိန်ကာလများကျရောက်မည်ဖြစ်ကြောင်း သိမှတ်လော့။
အစ္စရေးအမျိုးသားတို့ ဓားဖြင့်ကွပ်မျက်ခဲ့သောသူတို့တွင် ဗောရ၏သား ဂမ္ဘီရအတတ်ပညာရှင်ဗာလမ်လည်း ပါ၏။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။