ထာဝရဘုရားသည် အရာခပ်သိမ်းတို့အပေါ် ကောင်းမြတ်တော်မူ၏။ မိမိပြုလုပ်ဖန်ဆင်းသောအရာအားလုံးကိုလည်း သနားစုံမက်တော်မူ၏။
တောလည် 22:32 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ကောင်းကင်တမန်က ဗာလမ်အား “သင်သည် မည်သည့်အတွက်ကြောင့် သင်၏မြည်းကို ဤသို့သုံးကြိမ်ရိုက်ရသနည်း။ သင်သွားသောလမ်းသည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သင့်ကိုတားဆီးရန် ငါလာ၏။ Common Language Bible ကောင်းကင်တမန်ကဗာလမ်အား``သင်သည် မြည်းကိုဤသို့အဘယ်ကြောင့်သုံးကြိမ် ရိုက်ရပါသနည်း။ သင်သည်ခရီးဆက်၍ မသွားနိုင်ရန်ငါသည်သင်သွားရာလမ်း ကိုပိတ်ဆို့ခဲ့သည်။- Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က လည်း၊ မြည်း ကို သုံး ကြိမ် မြောက် အ ဘယ် ကြောင့် ရိုက် နှက် သ နည်း။ ရုတ် ခြင်း သွား သည် ကို မြင်၍ ဆီး တား ရန် ငါ ကြွ လာ ပြီ။ Judson Bible ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့်ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သောကြောင့်၊ သင့်ကိုဆီးတားခြင်းငှာ ငါထွက်လာပြီ။ |
ထာဝရဘုရားသည် အရာခပ်သိမ်းတို့အပေါ် ကောင်းမြတ်တော်မူ၏။ မိမိပြုလုပ်ဖန်ဆင်းသောအရာအားလုံးကိုလည်း သနားစုံမက်တော်မူ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။
ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို သန့်ရှင်းစင်ကြယ်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်သဘောကိုချိန်တွယ်တော်မူ၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသောသူသည် ကွေ့ကောက်သောလမ်းကိုလိုက်သည့် ချမ်းသာသောသူထက် ပို၍ကောင်း၏။
ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ထံသို့လာ၍ “ဤလူတို့သည် သင့်ကိုခေါ်ရန်လာခြင်းဖြစ်လျှင် ထ၍ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါမိန့်ဆိုသောအရာကိုသာ သင်ပြုရမည်”ဟု မိန့်တော်မူ၏။
သို့သော် ဗာလမ်လိုက်သွားသောကြောင့် ဘုရားသခင်သည် အမျက်ထွက်၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုတားဆီးရန် လမ်း၌ရပ်နေ၏။ ဗာလမ်သည် မြည်းကိုစီးလျက် မိမိ၏ငယ်သားနှစ်ယောက်နှင့်အတူ သွားစဉ်တွင်
ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူသဖြင့် မြည်းက ဗာလမ်အား “ငါမည်သို့ပြုမိသဖြင့် သင်သည် ငါ့ကို ဤသို့သုံးကြိမ်ရိုက်ရသနည်း”ဟု မေးလျှင်
မြည်းသည် ငါ့ကိုမြင်သဖြင့် သုံးကြိမ်တိုင်တိုင် ငါ့ထံမှလွှဲရှောင်ခဲ့၏။ ထိုသို့ ငါ့ထံမှမလွှဲရှောင်ခဲ့လျှင် အကယ်စင်စစ် မြည်းကိုအသက်ချမ်းသာခွင့်ပေးပြီး သင့်ကိုငါကွပ်မျက်ပြီ”ဟု ဆိုလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း ဗာလမ်အား “ဤလူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါပြောသောစကားအတိုင်းသာ သင်ပြန်ပြောရမည်”ဟု ဆို၏။ သို့ဖြစ်၍ ဗာလမ်သည် ဗာလက်မင်းကြီး၏မှူးမတ်တို့နှင့်အတူ လိုက်သွားလေ၏။
“အို စဉ်းလဲခြင်းအပေါင်းနှင့်လှည့်စားမှုရှိသမျှတို့ဖြင့်ပြည့်ဝသူ၊ မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ဖြောင့်မတ်သောလမ်းတို့ကို ကွေ့ကောက်အောင်လုပ်ခြင်းမှ မရပ်တန့်ဘဲနေမည်လော။
အကြောင်းမူကား အီဂျစ်ပြည်မှသင်တို့ထွက်လာသောအခါ လမ်းခရီး၌ သူတို့သည် သင်တို့အား အစားအစာကိုလည်းမပေး၊ ရေကိုလည်းမပေးကြ။ ထို့ပြင် မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့မှ ဗောရသားဗာလမ်ကိုငှား၍ သင်တို့ကိုကျိန်ဆဲစေသောကြောင့်ဖြစ်၏။