ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
တောလည် 21:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူတို့သည် မောရှေထံသို့လာ၍ “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုလည်းကောင်း၊ သခင့်ကိုလည်းကောင်း ဆန့်ကျင်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို အကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပေးပါ”ဟု ဆိုကြသဖြင့် မောရှေသည် လူတို့အတွက် ဆုတောင်းပေးလေ၏။ Common Language Bible ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။- Garrad Bible ထို ကြောင့် လူ ပ ရိ သတ် သည် မော ရှေ့ ထံ လာ ပြီး လျှင် ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ကိုယ် တော် ကို လည်း ကောင်း ဆန့် ကျင် ဘက် ပြော ဆို၍ ပြစ် မှား မိ ကြ ပါ ပြီ။ ထို မြွေ များ ကို ကျွန် တော် တို့ မှ ပယ် ရှား ရန် ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ ဟု လျှောက် ကြ သည့် အ တိုင်း၊ Judson Bible ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည် လူများအဖို့ ဆုတောင်းလေ၏။ |
ထိုအခါ အာဗြဟံသည် ဘုရားသခင်ထံသို့ဆုတောင်းလေ၏။ ဘုရားသခင်သည်လည်း အဘိမလက်မင်းကြီးမှစ၍ သူ၏မိဖုရား၊ သူ၏ကျွန်မတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည် သားသမီးကိုမွေးဖွားကြ၏။
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။
မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
သူတို့ကို ကိုယ်တော်ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော်ကိုရှာကြ၏။ သူတို့သည် နောင်တရလျက် ဘုရားသခင်ကိုကြိုးစား၍ရှာကြ၏။
ယခုတစ်ကြိမ်သာလျှင် ငါ့အပြစ်ကို ခွင့်လွှတ်ပါလော့။ ဤသေဘေးကိုလည်း ငါ့ထံမှဖယ်ရှားပေးမည့်အကြောင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု မိန့်ဆိုလျှင်
ထိုအခါ မောရှေက မိမိ၏ဘုရားသခင် ထာဝရဘုရားအား “အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုး၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ကိုယ်တော်၏လူမျိုးတော်ကို အဘယ်ကြောင့် အမျက်ထွက်တော်မူပါသနည်း။
နောက်တစ်နေ့၌ မောရှေက လူတို့အား “သင်တို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပြီဖြစ်၍ ထာဝရဘုရားထံသို့ ယခု ငါတက်သွား၍ သင်တို့အပြစ်ကို ဖြေလွှတ်ကောင်းဖြေလွှတ်တော်မူရန် ငါလျှောက်ဆိုမည်”ဟု ဆိုလေ၏။
ဖာရောမင်းကြီးကလည်း “တောကန္တာရထဲ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် သင်တို့ကို ငါလွှတ်ပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရ။ ငါ့အတွက်လည်းဆုတောင်းပေးကြလော့”ဟု ဆိုလေ၏။
ထို့ပြင် ဖားများသည် သင်မှစ၍ သင့်ပြည်သူပြည်သားများနှင့် သင့်အမှုထမ်းအားလုံးတို့အပေါ်သို့တက်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
အို ထာဝရဘုရား၊ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ကိုရှာကြပါ၏။ ကိုယ်တော်သည် သူတို့ကိုဆုံးမပဲ့ပြင်တော်မူသောအခါ သူတို့သည် ဆုတောင်းပတ္ထနာပြုကြပါ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
ဇေဒကိမင်းကြီးသည် ရှေလမိ၏သား ယေဟုကလနှင့် မာသေယ၏သား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့စေလွှတ်၍ “ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ ငါတို့အတွက် ဆုတောင်းပေးလော့”ဟု မှာလိုက်လေ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
လူတို့သည် မောရှေအား အော်ဟစ်ကြ၏။ မောရှေသည်လည်း ထာဝရဘုရားထံ ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။
“အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။
ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။
ထာဝရဘုရားသည် အာရုန်ကိုလည်း ဖျက်ဆီးချင်လောက်အောင် သူ့ကိုအလွန်အမျက်ထွက်တော်မူသဖြင့် ထိုအချိန်၌ အာရုန်အတွက် ငါဆုတောင်းရ၏။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။
ထိုအခါ ရှောလုမင်းကြီးက ရှမွေလအား “အကျွန်ုပ် အပြစ်ပြုမိပါပြီ။ အကျွန်ုပ်သည် လူတို့ကိုကြောက်၍ သူတို့စကားကို နားထောင်မိသောကြောင့် ထာဝရဘုရား၏စကားတော်နှင့် အရှင်၏စကားကို လွန်ဆန်မိပါပြီ။
သို့သော် သူက “အကျွန်ုပ်ပြစ်မှားမိပါပြီ။ သို့သော် ယခု အကျွန်ုပ်၏လူမျိုး သက်ကြီးဝါကြီးတို့ရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့တွင် အသရေမပျက်ရပါစေနှင့်။ အကျွန်ုပ်သည် အရှင်၏ဘုရားသခင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရပါမည့်အကြောင်း အကျွန်ုပ်နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုပြန်၏။