သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
တောလည် 21:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးလူမျိုးတို့သည် ရှိဟုန်မင်းကြီးကို ဓားဖြင့်ခုတ်သတ်၍ အာနုန်ချောင်းမှ အမ္မုန်အမျိုးသားတို့၏နယ်စပ် ယဗ္ဗုတ်ချောင်းအထိ ထိုမင်း၏ပြည်ကိုသိမ်းပိုက်နိုင်၏။ အမ္မုန်အမျိုးသားတို့၏နယ်စပ်သည် အခိုင်အမာရှိ၏။ Common Language Bible သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။- Garrad Bible ဣ သ ရေ လ လူ မျိုး တို့ သည် ထား ဖြင့် လုပ် ကြံ လျက် အာ နုန် ချောင်း မှ ယ ဗ္ဗုတ် ချောင်း အ ထိ အ မ္မုန် အ မျိုး သား တို့ ခိုင် လုံ သော နယ် စပ် တိုင် အောင်၊ Judson Bible ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ဓားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ အမ္မုန်အမျိုးသားနေရာတိုင်အောင်လည်းကောင်း၊ ထိုမင်းပိုင်သောမြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာနယ်စပ်ကား အားကြီး၏။ |
သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
၎င်းတို့တွင် အာမောရိဘုရင် ရှိဟုန်ပါ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
ထိုအရပ်မှ ခရီးပြုကြပြန်ရာ အာမောရိပြည်၏နယ်စပ်နှင့်ဆက်နေသော တောကန္တာရရှိ အာနုန်ချောင်းတစ်ဖက်ကမ်း၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်နှင့်အာမောရိပြည်အကြားရှိ မောဘပြည်၏နယ်စပ်ဖြစ်၏။
ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
ဤအရပ်သို့ သင်တို့ရောက်လာသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ထွက်လာကြ၏။ သို့သော် ငါတို့သည် သူတို့ကိုလုပ်ကြံ၍
ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့ကို ဂိလဒ်မြို့မှစ၍ အာနုန်ချောင်းအလယ်နယ်နိမိတ်အထိ၊ အမ္မုန်အမျိုးသားတို့နယ်နိမိတ်ဖြစ်သောယဗ္ဗုတ်ချောင်းအထိ၊
ထာဝရဘုရားသည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၊ ဩဃမင်းကြီးနှင့် သူတို့၏ပြည်ကို ဖျက်ဆီးတော်မူသကဲ့သို့ ထိုလူမျိုးတို့ကို ပြုတော်မူမည်။
ဤတရားကို ဂျော်ဒန်မြစ်တစ်ဖက်၊ ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ မိန့်ဆိုခဲ့ခြင်းဖြစ်၏။ ထိုအရပ်သည် မောရှေနှင့်အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် တိုက်ခိုက်ခဲ့သော ဟေရှဘုန်မြို့၌စံမြန်းသည့် အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နယ်မြေဖြစ်၏။
အာရှတရုတ်မြို့နှင့် ဧဒြိမြို့၌ စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန်တစ်ဦးဖြစ်သည့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံး ဖြစ်၏။ မောရှေသည် ထိုဘုရင်တို့ကို ကွပ်မျက်၍ သူတို့၏ပြည်ကို သိမ်းပိုက်ခဲ့၏။
ငါသည် သင်တို့ကို ဂျော်ဒန်မြစ်အရှေ့ဘက်၌နေထိုင်သော အာမောရိလူမျိုးတို့၏ပြည်သို့ ပို့ဆောင်၏။ ထိုသူတို့သည် သင်တို့ကိုတိုက်ခိုက်ကြသော်လည်း ငါသည် သူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်တို့သည် သူတို့၏ပြည်ကို အပိုင်ရကြ၏။ ငါသည် သူတို့ကို သင်တို့၏ရှေ့မှာပင် ဖျက်ဆီးခဲ့၏။
ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၌ ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း ကြားသိသောအခါ
ထာဝရဘုရားကလည်း အစ္စရေးအမျိုးသားတို့အား “အီဂျစ်လူမျိုး၊ အာမောရိလူမျိုး၊ အမ္မုန်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့လက်မှ သင်တို့ကို ငါကယ်တင်ခဲ့သည် မဟုတ်လော။
အမ္မုန်ဘုရင်က “အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလာစဉ်က အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ ဂျော်ဒန်မြစ်တစ်လျှောက် သိမ်းယူခဲ့သော ငါ့ပြည်ကို ယခု အေးအေးဆေးဆေးပြန်ပေးပါ”ဟု ယေဖသ၏တမန်တို့အား ပြန်ပြော၏။
သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။