တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
တောလည် 20:22 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ကာဒေရှအရပ်မှ ခရီးပြုကြရာ ဟောရတောင်သို့ရောက်လာကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊- Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ကာ ဒေ ရှ မြို့ မှ ချီ၍ ဧ ဒုံ ပြည် နယ် စွန်း ရှိ ဟော ရ တောင် သို့ ရောက် ကြ သော် ထို တောင် တွင် မော ရှေ၊ အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က၊ Judson Bible ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။ |
တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
ဂဒ်တောင်ဘက်နယ်နိမိတ်နှင့်ကပ်လျက်ရှိသောနယ်နိမိတ်မှာ တာမာမြို့မှ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနားအထိ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်သို့ ရောက်သွားသည်အထိဖြစ်၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
မောရှေသည် ကာဒေရှအရပ်မှစေတမန်ကို ဧဒုံဘုရင်ထံ စေလွှတ်၍ “အရှင်၏ဆွေမျိုးသားချင်းအစ္စရေးလူမျိုးတို့ လျှောက်ဆိုပါ၏။ အကျွန်ုပ်တို့တွေ့ကြုံရသောအခက်အခဲအားလုံးကို အရှင်မင်းကြီးသိပါ၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားထံ အော်ဟစ်သောအခါ အကျွန်ုပ်တို့၏အသံကို ကြားတော်မူ၍ ကောင်းကင်တမန်ကို စေလွှတ်ပြီး အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့ပါ၏။ ယခု အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေအစွန်အဖျားမြို့ဖြစ်သော ကာဒေရှမြို့သို့ရောက်နေပါပြီ။
ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။