တောလည် 20:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဧဒုံဘုရင်သည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှဖြတ်သွားခွင့်မပြုသောကြောင့် အစ္စရေးလူမျိုးတို့သည် သူ့ထံမှရှောင်လွှဲသွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible21 ပြည် နယ် ကို ဖြတ် သွား ခွင့် မ ပေး သည့် အ တွက် ဣ သ ရေ လ လွှဲ ရှောင် ရ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ လျှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အစ္စရေးလူမျိုးတို့သည် ဧဒုံဘုရင်ထံ တမန်များကိုစေလွှတ်၍ “အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ”ဟု ခွင့်တောင်းသော်လည်း ဧဒုံဘုရင်သည် နားမထောင်။ မောဘဘုရင်ထံလည်း တမန်များကို စေလွှတ်၏။ သူသည်လည်း ခွင့်မပြုဘဲနေ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကာဒေရှအရပ်၌သာ နေကြရ၏။