အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ရောက်သွားပြီး အကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ကာလကြာမြင့်စွာနေထိုင်ကြပါ၏။ အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဆိုးညစ်သောအမှုပြုကြပါ၏။
အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။-
အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့သည် အဲဂုတ္တုပြည်မှာ ကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့နှင့် ဘိုးဘေးများကိုညှဉ်းဆဲကြောင်း၊
ထိုအခါ ထာဝရဘုရားက အာဗြံအား “သင်၏သားမြေးစဉ်ဆက်တို့သည် မိမိတို့မပိုင်သောပြည်၌ ဧည့်သည်ဖြစ်ရ၍ ထိုပြည်၌ ကျွန်ခံရကြမည်ဖြစ်ကြောင်းနှင့် ထိုပြည်သားတို့သည် သူတို့ကို အနှစ်လေးရာပတ်လုံး နှိပ်စက်ကြမည်ဖြစ်ကြောင်း အမှန်သိမှတ်လော့။
သူတို့သည် မိမိတို့၏တိရစ္ဆာန်များနှင့် ခါနာန်ပြည်၌မိမိတို့စုဆောင်းရရှိသည့်ဥစ္စာများကိုလည်း ယူသွားကြ၏။ ဤသို့ဖြင့် ယာကုပ်နှင့်တကွ သူနှင့်အတူနေသောသူ၏သားမြေးအပေါင်းတို့သည် အီဂျစ်ပြည်သို့သွားကြ၏။
ယာကုပ်သည် သူ၏သားသမီးများ၊ သားသမီးတို့၏သားသမီးများစသော မိမိသားမြေးအပေါင်းတို့ကို အီဂျစ်ပြည်သို့ မိမိနှင့်အတူခေါ်ဆောင်သွားလေ၏။
ခုနစ်ရက်မြောက်သောနေ့တွင် သူငယ်သေဆုံးသွား၏။ ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ကလည်း “သူငယ်အသက်ရှင်စဉ်ကပင် ငါတို့ပြောသောစကားကို သူနားမထောင်လို။ ယခု သူငယ်သေပါပြီဟု သူ့အားမည်သို့ပြောထွက်မည်နည်း။ သူသိလျှင် ဆိုးဝါးသောအမှုပြုမည်ကို စိုးရပါသည်”ဟု ဆိုလျက် သူငယ်သေဆုံးသွားကြောင်းကို ဒါဝိဒ်မင်းကြီးအား ပြောပြရန် စိုးရွံ့နေကြ၏။
“သင်တို့သည် ဟေဗြဲအမျိုးသမီးတို့အား သားဖွားပေးသောအခါ ကြည့်၍ သားဖွားခုံပေါ်၌ ယောက်ျားလေးဖြစ်လျှင်သတ်စေ။ မိန်းကလေးဖြစ်လျှင်အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
အီဂျစ်ပြည်၌ အစ္စရေးအမျိုးသားတို့ နေထိုင်ခဲ့ကြသောအချိန်ကာလမှာ နှစ်ပေါင်း လေးရာ့သုံးဆယ်ဖြစ်၏။
ဖာရောမင်းကြီး၏အဓမ္မစေခိုင်းသူများသည် မိမိတို့ခန့်ထားသောအစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများကိုလည်း ရိုက်နှက်ကာ “သင်တို့သည် ယခင်ကကဲ့သို့ သင်တို့လုပ်ရမည့်အုတ်ကို သတ်မှတ်ချက်အတိုင်း မနေ့ရောယနေ့ပါ အဘယ်ကြောင့် မပြီးစီးကြသနည်း”ဟု ဆိုကြ၏။
အီဂျစ်ပြည်၌ အဖိုးအခမပေးဘဲ ငါတို့စားရသော ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ငါတို့အောက်မေ့၏။
ငါတို့ကို ဤတောကန္တာရထဲ၌ သေစေရန် နို့နှင့်ပျားရည်စီးသောပြည်မှ ထုတ်ဆောင်ခဲ့သည်မှာ မလုံလောက်ဘဲ ငါတို့အပေါ် မင်းအဖြစ် အုပ်စိုးလိုသေးသလော။
မောရှေသည် ကာဒေရှအရပ်မှစေတမန်ကို ဧဒုံဘုရင်ထံ စေလွှတ်၍ “အရှင်၏ဆွေမျိုးသားချင်းအစ္စရေးလူမျိုးတို့ လျှောက်ဆိုပါ၏။ အကျွန်ုပ်တို့တွေ့ကြုံရသောအခက်အခဲအားလုံးကို အရှင်မင်းကြီးသိပါ၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားထံ အော်ဟစ်သောအခါ အကျွန်ုပ်တို့၏အသံကို ကြားတော်မူ၍ ကောင်းကင်တမန်ကို စေလွှတ်ပြီး အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့ပါ၏။ ယခု အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေအစွန်အဖျားမြို့ဖြစ်သော ကာဒေရှမြို့သို့ရောက်နေပါပြီ။
ဤသို့ဖြင့် ယာကုပ်သည် အီဂျစ်ပြည်သို့ဆင်းသွား၍ သူနှင့် ငါတို့၏ဘိုးဘေးများသည် ထိုပြည်၌သေဆုံးခဲ့ကြ၏။
ထိုဘုရင်သည် ငါတို့လူမျိုးအပေါ်ဉာဏ်ဆင်လျက် ငါတို့၏ဘိုးဘေးများကို မတရားနှိပ်စက်ကာ သူတို့၏ကလေးငယ်များကို အသက်မရှင်စေရန် ပစ်ထားစေ၏။
အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်၍ ကြမ်းတမ်းသောအလုပ်ကို လုပ်စေပါ၏။