၂ ရာ 12:18 - မြန်မာ့စံမီသမ္မာကျမ်း18 ခုနစ်ရက်မြောက်သောနေ့တွင် သူငယ်သေဆုံးသွား၏။ ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ကလည်း “သူငယ်အသက်ရှင်စဉ်ကပင် ငါတို့ပြောသောစကားကို သူနားမထောင်လို။ ယခု သူငယ်သေပါပြီဟု သူ့အားမည်သို့ပြောထွက်မည်နည်း။ သူသိလျှင် ဆိုးဝါးသောအမှုပြုမည်ကို စိုးရပါသည်”ဟု ဆိုလျက် သူငယ်သေဆုံးသွားကြောင်းကို ဒါဝိဒ်မင်းကြီးအား ပြောပြရန် စိုးရွံ့နေကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 သီတင်းတစ်ပတ်မျှကြာသောအခါကလေး ငယ်သည်သေဆုံးသွားသဖြင့် ဒါဝိဒ်၏မှူး မတ်တို့သည်ထိုသတင်းကိုသူ့အားမပြော ဝံ့ကြ။ သူတို့က``ကလေးငယ်အသက်ရှင် လျက်ရှိစဉ်အခါ၌မင်းကြီးသည် ငါတို့ လျှောက်ထားချက်များကိုပြန်၍ပင်ဖြေ ကြားတော်မမူပါ။ သို့ဖြစ်၍ကလေးငယ် သေကြောင်းကိုသူ့အားငါတို့အဘယ်သို့ လျှောက်ထားနိုင်ပါမည်နည်း။ သူသည်မိမိ ကိုယ်ကိုအန္တရာယ်ပြုကောင်းပြုလိမ့်မည်''ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ဘု ရင် မင်း သည် မ ထ၊ ပွဲ တော် လည်း မ သုံး ချေ။ ခု နစ် ရက် စေ့၍ သူ ငယ် သေ ရာ ဒါ ဝိဒ် မင်း၏ ကျေး ကျွန် သင်း ပင်း တို့ က၊ သူ ငယ် အ သက် ရှင် သေး စဉ် ငါ တို့ တင် သော် လည်း နာ ယူ တော် မူ သည် မ ဟုတ်။ သူ ငယ် သေ ကြောင်း ကို တင် လျှောက် က ကိုယ် ကို အ န္တ ရာယ် ပြု မည် ဟု အောက် မေ့ လျက် မ တင် မ လျှောက် ဝံ့ ကြ။ အခန်းကိုကြည့်ပါ။Judson Bible18 ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့လျှောက်သောစကားကို နားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကိုကိုယ် ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျက် သူငယ်သေကြောင်းကို မလျှောက်ဝံ့ကြ။ အခန်းကိုကြည့်ပါ။ |