ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
တောလည် 18:9 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်စသော ပူဇော်သက္ကာအားလုံးတို့ထဲမှ မီးမရှို့ဘဲဖယ်ထားသည့် အသန့်ရှင်းဆုံးပူဇော်သက္ကာသည် သင့်အဖို့ဖြစ်၍ သင်နှင့် သင်၏သားတို့အဖို့ အသန့်ရှင်းဆုံးသောအရာဖြစ်၏။ Common Language Bible မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။- Garrad Bible မီး မ ပူ ဇော် ဘဲ ချန် ထား သော အ ထူး သီး သန့် များ အ နက် သင့် ပိုင် စု ကား ငါ့ ထံ ဆက် သွင်း သော အ လှူ ဒါ န တည်း ဟူ သော ဘော ဇဉ် သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ ဟူ သ မျှ တည်း။ သင် နှင့် သား စဉ်မြေး ဆက် တို့ အ ဖို့ အ ထူး သီး သန့် လိမ့် မည်။ Judson Bible မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ် ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဖို့ သန့်ရှင်းရကြမည်။ |
ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
ပညတ်တရားကျမ်းတွင် ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏သားဦးများနှင့် တိရစ္ဆာန်သားဦးများ၊ သိုးအုပ်နွားအုပ်ထဲမှ အဦးဆုံးမွေးသောအကောင်တို့ကို ဘုရားသခင်၏အိမ်တော်၌အမှုတော်ဆောင်ရွက်သောသူများဖြစ်သည့် ယဇ်ပုရောဟိတ်တို့ရှိရာ ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာပါမည်။
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို သူတို့စားရမည်။ အစ္စရေးလူမျိုးတို့ ဆက်ကပ်သောအရာဟူသမျှသည် သူတို့အပိုင်ဖြစ်ရမည်။
“အပြစ်ဖြေရာယဇ်၏အသားသည် အထူးသန့်ရှင်း၏။ လူထုတို့၏ဒုစရိုက်ကိုယူဆောင်သွားရန်နှင့် ထာဝရဘုရားရှေ့တော်၌ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထိုအသားကို သင်တို့အားပေးထားတော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် သန့်ရှင်းရာဌာနတော်၌ မစားကြသနည်း။
ထိုသိုးသငယ်အထီးကို အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ရာယဇ်ကောင်တို့ကိုသတ်သောနေရာဖြစ်သည့် သန့်ရှင်းသောနေရာ၌ သတ်ရမည်။ အကြောင်းမူကား အပြစ်ဖြေရာယဇ်ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်ကို ယဇ်ပုရောဟိတ်ပိုင်၍ အထူးသန့်ရှင်းသောအရာဖြစ်၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
သို့သော် ယဇ်ပုရောဟိတ်သည် မိမိငွေဖြင့် တစ်စုံတစ်ယောက်ကို ဝယ်ထားလျှင် ထိုသူသည် စားခွင့်ရှိ၏။ သူ၏အိမ်၌ မွေးဖွားသောသူတို့သည်လည်း သူ၏အစားအစာကို စားခွင့်ရှိ၏။
နေဝင်ပြီးမှ သူသည် စင်ကြယ်လိမ့်မည်။ ထို့နောက်မှ သန့်ရှင်းသောပူဇော်သက္ကာကို သူသည် စားခွင့်ရှိမည်။ အကြောင်းမူကား ထိုပူဇော်သက္ကာသည် သူ၏အစားအစာဖြစ်၏။
ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
သာမန်လူထဲမှတစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။
သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်ရန် သိုးဆိတ်တို့ထဲမှ သိုးသငယ်အမကိုဖြစ်စေ၊ ဆိတ်သငယ်အမကိုဖြစ်စေ အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံသို့ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
တဆေးထည့်၍ မဖုတ်ရ။ ငါ့အဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ ၎င်းကို သူတို့၏ဝေစုအဖြစ် ငါပေး၏။ ၎င်းသည် အပြစ်ဖြေရာယဇ်နှင့် အပြစ်ဒဏ်ဖြေရာယဇ်ကဲ့သို့ပင် အလွန်သန့်ရှင်း၏။
မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။
အပြစ်ဒဏ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဒဏ်ဖြေရာယဇ်သည် အလွန်သန့်ရှင်း၏။
ယဇ်ပုရောဟိတ်ဖြစ်သောယောက်ျားတိုင်း ယဇ်ကောင်အသားကိုစားခွင့်ရှိ၏။ သန့်ရှင်းသောနေရာ၌ စားရမည်။ ဤယဇ်သည် အထူးသန့်ရှင်းသောယဇ်ဖြစ်၏။
အပြစ်ဒဏ်ဖြေရာယဇ်သည် အပြစ်ဖြေရာယဇ်ကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့နှင့်ဆိုင်သောတရားသည် တစ်ပါးတည်းဖြစ်၏။ ယဇ်ကောင်ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောယဇ်ပုရောဟိတ်သည် ထိုယဇ်ကောင်ကို ပိုင်၏။
အထူးသန့်ရှင်းသောနေရာ၌ စားရမည်။ ယောက်ျားတိုင်း စားခွင့်ရှိ၏။ သင့်အဖို့ သန့်ရှင်းသောအရာဖြစ်၏။
လေဝိအမျိုးယဇ်ပုရောဟိတ်များမှစ၍ လေဝိမျိုးနွယ်တစ်နွယ်လုံးသည် အစ္စရေးလူမျိုးတို့နှင့်အတူ အမွေဝေစု မရကြ။ ထာဝရဘုရား၏အမွေဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို စားရကြမည်။