တောလည် 18:10 - မြန်မာ့စံမီသမ္မာကျမ်း10 အထူးသန့်ရှင်းသောနေရာ၌ စားရမည်။ ယောက်ျားတိုင်း စားခွင့်ရှိ၏။ သင့်အဖို့ သန့်ရှင်းသောအရာဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible10 သကာများကိုသန့်ရှင်းသောဌာနတွင်စားရ မည်။ အမျိုးသားများသာလျှင်စားရမည်။ ထို အစာသည်သန့်ရှင်းသောအစာဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible10 သင့် အ ဖို့ သီး သန့် သည် နှင့် အ ညီ အ ထူး သန့် ရှင်း ရာ အ ရပ်၌ စား ရ မည်။ ယောက်ျား တိုင်း စား ခွင့် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျားအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဖို့ သန့်ရှင်းပေ၏။ အခန်းကိုကြည့်ပါ။ |
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။