ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
တောလည် 18:6 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့၏အမျိုးသားချင်းလေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့ထဲမှ ရွေးယူပြီ။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကိုဆောင်ရွက်ရန် သင်တို့အတွက်လက်ဆောင်အဖြစ် ထာဝရဘုရားထံ ဆက်ကပ်ထားခြင်းခံရသူများဖြစ်၏။ Common Language Bible ငါသည်ဣသရေလအမျိုးသားတို့မှ သင် ၏ဆွေမျိုးသားချင်းများဖြစ်သောလေဝိ အနွယ်ဝင်တို့ကို သင်တို့အတွက်လှူဖွယ် ဝတ္ထုအဖြစ်ငါရွေးချယ်၏။ သူတို့သည် တဲတော်ဝေယျာဝစ္စကိုထမ်းဆောင်စေရန် ငါ့အတွက်ဆက်ကပ်ထားသူများဖြစ်သည်။- Garrad Bible ငါ သည် သင် တို့ ဆွေ မျိုး သား ချင်း လေ ဝိ အ နွယ် တို့ ကို ဣ သ ရေ လ အ မျိုး သား တို့ အ နက် ရွေး ကောက် သည့် အ တိုင်း တွေ့ ဆုံ ရာ တဲ တော် ဝတ် ကြီး ဝတ် ငယ် ကို ဆောင် ရွက် ကြ စေ ခြင်း ငှါ ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ ဝ တ္ထု အ ဖြစ် သင် တို့ အား အပ် နှင်း လေ ပြီ။ Judson Bible ထိုသို့ သင်တို့၏ညီအစ်ကို လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှာ၊ ထာဝရဘုရားအား ပြုသောပူဇော်သကာကဲ့သို့ သင်တို့အားငါပေး၏။ |
ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
“ကြည့်ရှုလော့။ ငါသည် သင်တို့၌လည်းကောင်း၊ နောင်လာမည့် သင်တို့၏သားစဉ်မြေးဆက်တို့၌လည်းကောင်း၊
ငါသည် အီဂျစ်လူမျိုးတို့၏စိတ်နှလုံးကို မာကျောစေသဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါသည် ဖာရောမင်းကြီးမှစ၍ သူ၏စစ်သည်ရှိသမျှ၊ သူ၏စစ်ရထားများ၊ သူ၏မြင်းစီးသူရဲများအားဖြင့် ဘုန်းထင်ရှားလိမ့်မည်။
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။
ငါကိုယ်တော်တိုင် မိန့်မြွက်ပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ သူ့ကို ငါဆောင်ခဲ့ပြီ။ သူသွားရာလမ်းသည် အောင်မြင်လိမ့်မည်။
ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို လိုက်လံရှာဖွေမည်။
သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက သူတို့အား ‘ကြည့်ရှုလော့။ ဆူဖြိုးသောသိုးနှင့် ပိန်လှီသောသိုးတို့အမှုကို ငါကိုယ်တိုင်စီရင်မည်။
“ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။
အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
“လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။
သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။