ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
တောလည် 18:16 - မြန်မာ့စံမီသမ္မာကျမ်း ရွေးနုတ်ရာတွင် တစ်လသားအရွယ်ဖြစ်လျှင် သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးရှယ်ကယ်ဖြင့် ရွေးနုတ်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) Common Language Bible တစ်လသားအရွယ်ကလေးများကိုကျပ် ချိန်တော်အရ ငွေသားငါးကျပ်ဖြင့်ရွေးယူ စေရမည်။- Garrad Bible ရွေး နုတ် ရန် အ ဖိုး မှာ အ သက် တစ် လ ပြည့် သော် သင် ဖြတ် ဆို ချက် အ ရ ပဲ နှစ် ဆယ် ကျ ကျပ် ချိန် တော် အ လိုက် ငွေ ငါး ကျပ် နှင့် ရွေး နုတ် ရ မည်။ Judson Bible ရွေးရသောသားတို့ကို အသက်တစ်လလွန်မှ၊ သင်အဖိုးဖြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့်ရွေးရမည်။ |
ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
သန့်ရှင်းရာဌာနတော်တည်ဆောက်ခြင်းအမှုရှိသမျှတို့တွင် အသုံးပြုသောရွှေချိန်စုစုပေါင်းမှာ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ချီလွှဲရာပူဇော်သက္ကာရွှေ နှစ်ဆယ့်ကိုးတာလန် ခုနစ်ရာ့သုံးဆယ်ရှယ်ကယ် ရှိ၏။
တစ်ရှယ်ကယ်သည် ဂေရနှစ်ဆယ် ဖြစ်ရမည်။ တစ်မိနာ့သည် နှစ်ဆယ်ရှယ်ကယ်အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ်အပေါင်း တစ်ဆယ့်ငါးရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
သင်ဖြတ်သည့်တန်ဖိုးဟူသမျှသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ဖြစ်ရမည်။ တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်ဖြစ်ရမည်။
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ထာဝရဘုရားထံ ပူဇော်သည့် သားအိမ်မှအဦးဆုံးထွက်လာသောသတ္တဝါရှိသမျှသည် သင့်အဖို့ဖြစ်၏။ သို့သော် သင်သည် လူ၏သားဦးကို အမှန်ရွေးနုတ်ရမည်။ မစင်ကြယ်သောတိရစ္ဆာန်၏သားဦးကိုလည်း ရွေးနုတ်ရမည်။
သို့သော် နွားသားဦး၊ ဆိတ်သားဦး၊ သိုးသားဦးတို့သည် သန့်ရှင်းသည်ဖြစ်၍ မရွေးနုတ်ရ။ ထိုအကောင်တို့၏သွေးကို ယဇ်ပလ္လင်၌ ဖျန်းရမည်။ အဆီကိုမူ ထာဝရဘုရားထံ မွှေးကြိုင်သောရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။
လေဝိအမျိုးတို့ထက်ပိုသော အစ္စရေးအမျိုးသားတို့၏သားဦး နှစ်ရာခုနစ်ဆယ့်သုံးယောက်ကို ရွေးနုတ်ရမည့်အခမှာ
သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ယောက်ကို ငါးရှယ်ကယ်တိတိ သင်ခံယူရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။)