ထို့ပြင် ရှောလမုန်မင်းကြီးက ထာဝရဘုရားကိုတိုင်တည်၍ “အဒေါနိယသည် အသက်ကိုရင်း၍ ဤသို့တောင်းဆိုခြင်းမဟုတ်လျှင် ဘုရားသခင်သည် အကျွန်ုပ်၌ ထိုမျှမက ပြုတော်မူပါစေသော။
တောလည် 16:38 - မြန်မာ့စံမီသမ္မာကျမ်း အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။- Garrad Bible ကိုယ့် အ သက် အ န္တ ရာယ် ကို ရှာ၍ ပြစ် မှား သော ဤ သူ တို့ မီး ကျီး ခံ များ သည် ထာ ဝ ရ ဘု ရား ရှေ့ ဆက် သွင်း ပြီး ဖြစ် သည် နှင့် အ ညီ သီး သန့် ရာ ရောက် သော ကြောင့် ဣ သ ရေ လ အ မျိုး သား တို့၌ သက် သေ လ က္ခ ဏာ ဖြစ် စေ ရန် ပူ ဇော် ရာ ပ လ္လင် တော် အ ဖုံး အ ဖို့ အ ပြား ခပ် လုပ် ကြ စေ ဟု၊ Judson Bible ကိုယ်အသက်ကို သေစေခြင်းငှာ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ်ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ |
ထို့ပြင် ရှောလမုန်မင်းကြီးက ထာဝရဘုရားကိုတိုင်တည်၍ “အဒေါနိယသည် အသက်ကိုရင်း၍ ဤသို့တောင်းဆိုခြင်းမဟုတ်လျှင် ဘုရားသခင်သည် အကျွန်ုပ်၌ ထိုမျှမက ပြုတော်မူပါစေသော။
ထိုသူတို့သည် ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ရန် ချောင်းမြောင်း၍ ကိုယ့်အသက်ကိုကိုယ် ပုန်းအောင်းတိုက်ခိုက်နေကြခြင်းသာဖြစ်၏။
ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရတတ်၏။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အဘယ်ကြောင့် ဤဘေးအန္တရာယ်ကြီးကို သင်တို့အပေါ်ကျရောက်စေရသနည်း။ ယုဒပြည်တွင် ယောက်ျား၊ မိန်းမ၊ ကလေး၊ နို့စို့သူငယ်တစ်ယောက်မျှမကြွင်းမကျန် သုတ်သင်ပယ်ရှင်းခံရလေပြီ။
သူ့ကိုမျက်နှာလွှဲ၍ အမှတ်သညာပြုစရာ၊ ပုံခိုင်းစရာ ဖြစ်စေမည်။ ငါ့လူမျိုးတော်ထဲမှဖယ်ထုတ်ပစ်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
သင့်အိမ်သူအိမ်သားတို့ အရှက်ရစေရန် သင်ကြံစည်ပြီ။ လူများစွာကို ဖျက်ဆီးခြင်းဖြင့် သင့်ကိုယ်သင်ပြစ်မှားပြီ။
“မီးကျီးခံဗန်းတို့သည် သန့်ရှင်းသည်ဖြစ်၍ အာရုန်၏သား ယဇ်ပုရောဟိတ်ဧလာဇာအား မီးလောင်နေသောနေရာထဲမှ ထိုမီးကျီးခံဗန်းတို့ကို ထုတ်ယူမည့်အကြောင်း ဆင့်ဆိုလော့။ မီးခဲကိုကား အဝေးသို့သွန်ပစ်စေလော့။
မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယဇ်ပုရောဟိတ်ဧလာဇာသည်လည်း မီးလောင်ခြင်းခံရသောသူတို့ပူဇော်သည့် ကြေးနီမီးကျီးခံဗန်းတို့ကိုယူ၍ ယဇ်ပလ္လင်ကိုဖုံးရန် အပြားခတ်ကြ၏။
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ ကောရနှင့်အတူ သူတို့ကိုမျို၏။ ထိုသို့ ကောရနှင့်သူ၏အပေါင်းပါများသေကြ၏။ လူအယောက်နှစ်ရာ့ငါးဆယ်ကိုလည်း မီးလောင်ကျွမ်းလေ၏။ ထိုသူတို့သည် သတိပြုစရာသက်သေဖြစ်ကြ၏။
ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။