တောလည် 16:38 - Common Language Bible38 ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible38 ကိုယ့် အ သက် အ န္တ ရာယ် ကို ရှာ၍ ပြစ် မှား သော ဤ သူ တို့ မီး ကျီး ခံ များ သည် ထာ ဝ ရ ဘု ရား ရှေ့ ဆက် သွင်း ပြီး ဖြစ် သည် နှင့် အ ညီ သီး သန့် ရာ ရောက် သော ကြောင့် ဣ သ ရေ လ အ မျိုး သား တို့၌ သက် သေ လ က္ခ ဏာ ဖြစ် စေ ရန် ပူ ဇော် ရာ ပ လ္လင် တော် အ ဖုံး အ ဖို့ အ ပြား ခပ် လုပ် ကြ စေ ဟု၊ အခန်းကိုကြည့်ပါ။Judson Bible38 ကိုယ်အသက်ကို သေစေခြင်းငှာ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ်ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း38 အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားက သင်တို့သည်အဘယ်ကြောင့်မိမိ တို့အပေါ်သို့ဤသို့သောဘေးအန္တရာယ်ဆိုး သက်ရောက်အောင် ဆိုးညစ်သောအမှုကိုပြု ကြသနည်း။ သင်တို့သည်မိမိတို့အမျိုး ပြုတ်စေရန်အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်နို့စို့အရွယ်တို့အား ဆုံးပါးပျက်စီးစေလိုကြသလော။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။