သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
တောလည် 14:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်ကို သူတို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ကို သူတို့တွေ့မြင်ရကြမည်မဟုတ်။ ငါ့ကိုမထီလေးစားပြုသောသူတစ်စုံတစ်ဦးမျှ ထိုပြည်ကိုတွေ့မြင်ရမည်မဟုတ်။ Common Language Bible သူတို့၏ဘိုးဘေးတို့အားငါပေးမည်ဟုကတိ ထားသောပြည်သို့သူတို့မဝင်ရ။ ငါ့ကိုပစ်ပယ် သူမှန်သမျှထိုပြည်သို့မဝင်ရ။- Judson Bible သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ |
သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို တောကန္တာရထဲတွင် ကျဆုံးစေမည်ဟူ၍လည်းကောင်း၊
ထို့ကြောင့် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု အမျက်တော်ဖြင့် ငါကျိန်ဆို၏။
ငါမိန့်ဆိုသောစကားကိုနားမထောင်ဘဲ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြုလျှင် ကောင်းစားစေမည်ဟုငါမိန့်ဆိုခဲ့သည်မှ စိတ်ပြောင်းလဲမည်”ဟု မိန့်တော်မူ၏။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
ဤသူတို့ထဲတွင် သိနာတောကန္တာရ၌ မောရှေနှင့်ယဇ်ပုရောဟိတ်အာရုန်တို့ ရေတွက်ခဲ့သည့်အစ္စရေးအမျိုးသားတို့၏အရေအတွက်တစ်ယောက်မျှ မပါဝင်ချေ။
“ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု ထာဝရဘုရား မိန့်တော်မူခဲ့သောကြောင့် ထိုသူတို့တွင် ယေဖုန္နာသား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှ မကျန်ရစ်ပေ။
‘အီဂျစ်ပြည်မှထွက်လာသောသူတို့သည် ငါ့နောက်သို့လုံးလုံးမလိုက်သောကြောင့် ထိုပြည်ကို အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း အသက်နှစ်ဆယ်အရွယ်နှင့် အထက်ရှိသောသူတို့သည် ထိုပြည်ကို မြင်ရလိမ့်မည်မဟုတ်။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။