တောလည် 14:23 - Common Language Bible23 သူတို့၏ဘိုးဘေးတို့အားငါပေးမည်ဟုကတိ ထားသောပြည်သို့သူတို့မဝင်ရ။ ငါ့ကိုပစ်ပယ် သူမှန်သမျှထိုပြည်သို့မဝင်ရ။- အခန်းကိုကြည့်ပါ။Judson Bible23 သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ထိုပြည်ကို သူတို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ကို သူတို့တွေ့မြင်ရကြမည်မဟုတ်။ ငါ့ကိုမထီလေးစားပြုသောသူတစ်စုံတစ်ဦးမျှ ထိုပြည်ကိုတွေ့မြင်ရမည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။-