တောလည် 13:17 - မြန်မာ့စံမီသမ္မာကျမ်း မောရှေက ခါနာန်ပြည်ကိုစူးစမ်းရန် စေလွှတ်သောသူတို့အား “သင်တို့သည် ဤနေဂေ့အရပ်မှဖြတ်၍ တောင်ပေါ်ဒေသသို့ တက်သွားရမည်။ Common Language Bible မောရှေသည်သူတို့ကိုမစေလွှတ်မီ``သင်တို့ သည်ဤအရပ်မှမြောက်ဘက်သို့သွား၍ ခါနာန် ပြည်တောင်ပိုင်းသို့ဝင်ပြီးလျှင်တောင်ကုန်း ဒေသပေါ်သို့တက်လော့။- Garrad Bible ခါ နာန် ပြည် ကို စူး စမ်း ရန် မော ရှေ စေ လွှတ် အ မိန့် ရှိ သည် မှာ နေ ဂပ် ခေါ် တောင် တန်း သို့ တက် သွား ပြီး လျှင် တိုင်း ပြည် အ ခြင်း အ ရာ မှ စ ၍၊ Judson Bible ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။ |
အာဗြံသည် သူ၏မယား၊ သူပိုင်ဆိုင်သောအရာအားလုံးနှင့်တကွ လောတပါလျက် အီဂျစ်ပြည်မှထွက်၍ နေဂေ့အရပ်သို့ သွားလေ၏။
ထလော့၊ ဤမြေကို အလျားတစ်လျှောက်၊ အနံတစ်လျှောက် လျှောက်သွားလော့။ ထိုမြေကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
သူသည် နေဂေ့အရပ်မှ ဗေသလမြို့သို့ ခရီးဆက်သွား၍ ဗေသလမြို့နှင့်အာဣမြို့ကြား၊ ယခင်က သူတဲဆောက်ခဲ့ရာအရပ်၊
စိဒ္ဒိမ်ချိုင့်ဝှမ်း၌ ကတ္တရာစေးတွင်းပေါများသဖြင့် သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည်ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျလေ၏။ ကျန်သောသူတို့သည် တောင်ပေါ်သို့ထွက်ပြေးကြ၏။
ထိုပြည်သည် မည်သို့သောပြည်ဖြစ်သနည်း၊ ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် နည်းသလော၊ များသလော၊ အားကြီးသလော၊ အားနည်းသလော၊
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
ထို့နောက် သူတို့သည် နံနက်စောစောထ၍ တောင်ထိပ်သို့တက်သွားပြီးလျှင် “အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသောနေရာသို့သွားပါမည်။ အကြောင်းမှာ အကျွန်ုပ်တို့သည် ပြစ်မှားမိကြပါပြီ”ဟု ဆိုကြ၏။
ထိုတောင်ပေါ်ဒေသ၌နေထိုင်ကြသောအာမောရိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ရန် ထွက်လာကြပြီး ပျားများလိုက်သကဲ့သို့ သင်တို့ကိုလိုက်၍ စိရအရပ်မှ ဟောမာအရပ်တိုင်အောင် သင်တို့ကို လိုက်လံချေမှုန်းကြ၏။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
အကရဗ္ဗိမ်တောင်ကုန်းရှိရာတောင်ဘက်သို့ ကွေ့သွားပြီး ဇိနတောကိုဖြတ်သွားကာ ကာဒေရှဗာနာတောင်ဘက်သို့ တက်သွား၏။ ထိုမှ ဟေဇရုန်အရပ်ကိုကျော်၍ အာဒါအရပ်သို့ တက်သွားပြီး ကာကာအရပ်သို့ရောက်၏။
နုန်၏သားယောရှုသည် သူလျှိုနှစ်ဦးကို ရှိတ္တိမ်အရပ်မှ တိတ်တဆိတ်စေလွှတ်၍ “ခါနာန်ပြည်၊ ဂျေရိခေါမြို့ကို သွား၍စူးစမ်းကြလော့”ဟု မှာလိုက်၏။ သူတို့လည်း သွား၍ ရာခပ်အမည်ရှိသောပြည့်တန်ဆာမ၏အိမ်သို့ဝင်၍ ညအိပ်ကြ၏။
သူကလည်း “လက်ဖွဲ့တစ်ခု တောင်းပါရစေ။ ကျွန်မအား နေဂေ့အရပ်မှမြေကို အဖေပေးပြီ။ စမ်းရေတွင်းကိုလည်း ပေးပါဦးလော့”ဟု ဆို၏။ ထို့ကြောင့် ကာလက်သည် သူ၏သမီးအား အထက်စမ်းရေတွင်းနှင့် အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
ထာဝရဘုရားသည် ယုဒအမျိုးတို့နှင့်အတူ ပါရှိတော်မူသဖြင့် သူတို့သည် တောင်ပေါ်ဒေသတို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ချိုင့်ဝှမ်းဒေသ၌နေထိုင်သောသူတို့မူကား သံစစ်ရထားများပိုင်ဆိုင်သောကြောင့် ထိုသူတို့ကို မနှင်ထုတ်နိုင်ခဲ့ပေ။
ထို့နောက် ယုဒအမျိုးသားတို့သည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ စသည်တို့၌ နေထိုင်သော ခါနာန်လူမျိုးတို့ကို သွား၍တိုက်ခိုက်ကြ၏။