တောလည် 14:40 - မြန်မာ့စံမီသမ္မာကျမ်း40 ထို့နောက် သူတို့သည် နံနက်စောစောထ၍ တောင်ထိပ်သို့တက်သွားပြီးလျှင် “အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသောနေရာသို့သွားပါမည်။ အကြောင်းမှာ အကျွန်ုပ်တို့သည် ပြစ်မှားမိကြပါပြီ”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible40 နောက်တစ်နေ့နံနက်စောစောအချိန်တွင် သူတို့ သည်တောင်ကုန်းဒေသကိုဝင်ရောက်သိမ်းပိုက် ရန်စတင်ချီတက်ကြလေသည်။ သူတို့က``ထာ ဝရဘုရားကတိထားတော်မူသောပြည်သို့ ယခုငါတို့သွားပါမည်။ ငါတို့ပြစ်မှားမိ ကြောင်းဝန်ခံပါ၏'' ဟုဆိုကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible40 တောင် ထိပ် သို့ တက် သွား သော် ငါ တို့ ပြစ် မှား သည် မှန် ပါ၏။ ယ ခု မှာ မူ ထာ ဝ ရ ဘု ရား က တိ ထား တော် မူ ခဲ့ သော နေ ရာ သို့ ချီ တက် ပါ မည် ဟု ဆို ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible40 နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ကတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊ အခန်းကိုကြည့်ပါ။ |
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။