ငါ၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသော ငါ၏အစေအပါးမောရှေနှင့်မူကား ထိုသို့မဟုတ်ဘဲ
ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
ဘုံ ဗိ မာန် တော် လုံး ၌ သ စ္စာ စောင့် သော ငါ့ ကျွန် ရင်း မော ရှေ အား ထို သို့ ပြု လေ့ မ ရှိ။
အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန်မောရှေသည် ထိုသို့မဟုတ်။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။
ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။
ထိုရူပါရုံကိုမြင်ရသောအခါ မောရှေသည်အံ့သြလျက် ၎င်းကို သေချာစွာကြည့်ရှုရန် ချဉ်းကပ်ရာ
ဤနေရာတွင် ဘဏ္ဍာစိုးသည် သစ္စာရှိကြောင်း အသိအမှတ်ပြုခြင်းခံရသူဖြစ်ရမည်။
သူတို့၏အမျိုးသားချင်းများထဲမှ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အတွက် ငါပေါ်ထွန်းစေမည်။ သူ့နှုတ်၌ ငါ့စကားများကို သွင်းပေးမည်ဖြစ်၍ ငါမိန့်မှာသောအရာရှိသမျှကို သူတို့အား ဆင့်ဆိုလိမ့်မည်။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ထာဝရဘုရား၏အစေအပါးမောရှေသည် မောဘပြည်ရှိ ထိုတောင်ပေါ်၌သေဆုံးလေ၏။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
ထာဝရဘုရား၏အစေအပါးမောရှေကွယ်လွန်ပြီးသည့်နောက် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုအား ထာဝရဘုရားက
“ငါ၏အစေအပါးမောရှေကွယ်လွန်ပြီ။ ထို့ကြောင့် သင်နှင့်ဤလူအပေါင်းတို့သည် ဤဂျော်ဒန်မြစ်ကိုကူးပြီးလျှင် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ကြလော့။