Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 12:7 - Common Language Bible

7 ငါ​၏​အ​စေ​ခံ​မော​ရှေ​သည်​ကား​ထို​ကဲ့​သို့ သော​ပ​ရော​ဖက်​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​၏​လက်​ဝယ်​၌​ငါ​အပ်​ထား​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဘုံ ဗိ မာန် တော် လုံး ၌ သ စ္စာ စောင့် သော ငါ့ ကျွန် ရင်း မော ရှေ အား ထို သို့ ပြု လေ့ မ ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သော ငါ့​ကျွန်​မော​ရှေ​သည် ထို​သို့​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ငါ​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သော ငါ​၏​အစေအပါး​မောရှေ​နှင့်​မူကား ထိုသို့​မ​ဟုတ်​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 12:7
15 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။


ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မောရှေ​နှင့် ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သူ​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ​၏။


မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။


လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-


ထို​သူ​တို့​ကို​ကြည့်​ရှု​ရန်​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​ကြည့်​ရှု ကြ​ရန်​လော။ မှန်​ပေ​၏။ သင်​တို့​သည်​ပ​ရော​ဖက် ထက်​ကြီး​မြတ်​သူ​ကို​မြင်​ရ​ကြ​လေ​ပြီ​ဟု သင်​တို့​အား​ငါ​ဆို​၏။-


ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​မော​ရှေ​သည် လွန်​စွာ​အံ့​သြ​သ​ဖြင့် ကြည့်​ရန်​အ​နီး​သို့ ချဉ်း​ကပ်​လိုက်​သော​အ​ခါ၊-


ယင်း​သို့​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​တွင်​ရှိ​ရ မည့်​အ​ရည်​အ​ချင်း​တစ်​ခု​ကား မိ​မိ​သ​ခင် ၏​ပေါ်​တွင်​သစ္စာ​စောင့်​ရန်​ပင်​ဖြစ်​ပေ​သည်။-


ငါ​သည်​သူ​တို့​၏​သား​ချင်း​ထဲ​မှ သင်​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​စေ​လွှတ်​မည်။ သူ့ အား​ငါ​ပ​ညတ်​သ​မျှ​တို့​ကို သူ​သည်​လူ တို့​အား​ဆင့်​ဆို​လိမ့်​မည်။-


သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​သည် မော​ဘ​ပြည်​တွင်​အ​နိစ္စ​ရောက်​လေ​၏။-


သို့​ရာ​တွင်​အ​ကယ်​၍​ငါ​လာ​ရောက်​ရန်​နှောင့်​နှေး ကြန့်​ကြာ​နေ​ခဲ့​သော် ဘု​ရား​သ​ခင်​၏​အိမ်​ထောင် စု​သား​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​သင့်​သည် ကို​သင်​သိ​ရှိ​နိုင်​စေ​ရန် ဤ​စာ​ကို​ရေး​လိုက်​ရ ခြင်း​ဖြစ်​ပေ​သည်။ ထို​အိမ်​ထောင်​စု​ကား​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သခင်​၏​အ​သင်း​တော် ပင်​တည်း။ ထို​အ​သင်း​တော်​သည်​သမ္မာ​တ​ရား​၏ မဏ္ဍိုင်​ဖြစ်​၏။-


ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ အ​နိစ္စ ရောက်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ ၏​လက်​ထောက်၊ နုန်​၏​သား​ယော​ရှု​အား၊-


``ငါ​၏​အ​စေ​ခံ​မော​ရှေ​အနိစ္စ​ရောက်​ပြီ။ သင် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ငါ​ပေး​သ​နား​တော် မူ​မည့်​ပြည်​တွင်း​သို့​ဝင်​ရောက်​ရန်​ယ​ခု​အ​သင့် ပြင်​ဆင်​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ