သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။
တောလည် 11:31 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လေကိုတိုက်ခတ်စေတော်မူ၍ ပင်လယ်မှ ငုံးတို့ကိုသယ်ဆောင်လာစေ၏။ တပ်စခန်း၏ပတ်ပတ်လည် ဟိုဘက်မှတစ်ရက်ခရီး၊ သည်ဘက်မှတစ်ရက်ခရီးအကွာအဝေးခန့်တိုင်အောင် တပ်စခန်း၌ ကျစေသဖြင့် ငုံးတို့သည် မြေပြင်ပေါ်မှနှစ်တောင်ခန့်အထူရှိလေ၏။ Common Language Bible ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။- Garrad Bible ထာ ဝ ရ ဘု ရား တိုက် စေ တော် မူ သော လေ ဖြင့် ပင် လယ် မှ ဆောင် ယူ ခဲ့ သော ငုံး ငှက် များ သည် တပ် စ ခန်း ပတ် လည် တစ် ရက် ခ ရီး ခန့် တိုင် အောင် မြေ မှ အ မြင့် နှစ် တောင် ခန့် ပျံ လျက် ကျ ကြ ရာ၊ Judson Bible ထိုအခါ ထာဝရဘုရားသည်လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တစ်ရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။ |
သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။
ထိုအခါ ကိုယ်တော်သည် သူတို့တောင်းသောအရာကို သူတို့အား ပေးတော်မူသော်လည်း သူတို့အပေါ်၌ ပိန်ချုံးခြင်းဝေဒနာကို သက်ရောက်စေတော်မူ၏။
ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။
သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။
ထာဝရဘုရားသည် အနောက်လေကို အပြင်းအထန်တိုက်ခတ်စေ၍ ထိုလေသည် ကျိုင်းကောင်များကိုဆောင်ယူသွားပြီး ပင်လယ်နီထဲသို့ချလိုက်သဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် ကျိုင်းကောင်တစ်ကောင်မျှမကြွင်းကျန်တော့ပေ။
ကိုယ်တော်သည် လေကိုရှူထုတ်လိုက်ရာ ပင်လယ်ရေသည် သူတို့ကိုဖုံးလွှမ်း၍ ရေထုအောက်သို့ ခဲသတ္တုသဖွယ်နစ်မြုပ်သွားလေ၏။
နေဝင်ချိန်၌ ငုံးတို့သည် တက်လာ၍ တပ်စခန်းကိုဖုံးလွှမ်းကြ၏။ နံနက်အချိန်၌လည်း တပ်စခန်းပတ်ပတ်လည်တွင် နှင်းကျလေ၏။
မောရှေသည် အစ္စရေးအမျိုးသားသက်ကြီးဝါကြီးတို့နှင့်အတူ တပ်စခန်းသို့ ပြန်သွားလေ၏။