Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 11:31 - Common Language Bible

31 ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ဘက်​မှ​လေ​ကို တိုက်​စေ​သ​ဖြင့် လေ​နှင့်​အ​တူ​ငုံး​ငှက်​များ​ပါ လာ​၏။ ထို​ငုံး​ငှက်​များ​သည်​မြေ​ပြင်​အ​ထက် သုံး​ပေ​အ​မြင့်​မှ​ပျံ​သန်း​လာ​၍ စ​ခန်း​အ​တွင်း နှင့်​စ​ခန်း​အ​ပြင်​မိုင်​များ​စွာ​ပတ်​လည်​နေ​ရာ အ​နှံ့​အ​ပြား​တွင်​နား​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ထာ ဝ ရ ဘု ရား တိုက် စေ တော် မူ သော လေ ဖြင့် ပင် လယ် မှ ဆောင် ယူ ခဲ့ သော ငုံး ငှက် များ သည် တပ် စ ခန်း ပတ် လည် တစ် ရက် ခ ရီး ခန့် တိုင် အောင် မြေ မှ အ မြင့် နှစ် တောင် ခန့် ပျံ လျက် ကျ ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​စေ​လွှတ်၍၊ ငုံး​များ​ကို ပင်​လယ်​မှ​ဆောင်​ခဲ့​သ​ဖြင့်၊ တပ်​ပတ်​လည် တစ်​ရက်​ခ​ရီး​စီ​တိုင်​တိုင်​ကွာ​သော အ​ရပ်​တို့၌၊ မြေ​ပေါ်​မှာ ဒု​နှစ်​တောင်​ခန့်​မျှ ဆင်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထာဝရဘုရား​သည် လေ​ကို​တိုက်ခတ်​စေ​တော်မူ​၍ ပင်လယ်​မှ ငုံး​တို့​ကို​သယ်ဆောင်​လာ​စေ​၏​။ တပ်စခန်း​၏​ပတ်ပတ်လည် ဟိုဘက်​မှ​တစ်ရက်​ခရီး​၊ သည်ဘက်​မှ​တစ်ရက်​ခရီး​အကွာအဝေး​ခန့်​တိုင်အောင် တပ်စခန်း​၌ ကျ​စေ​သဖြင့် ငုံး​တို့​သည် မြေပြင်​ပေါ်မှ​နှစ်​တောင်​ခန့်​အထူ​ရှိ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 11:31
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​တောင်း​ခံ​သ​ဖြင့်​ကိုယ်​တော်​သည်​ငုံး​များ​ကို စေ​လွှတ်​ပေး​တော်​မူ​၏။ သူ​တို့​ရောင့်​ရဲ​စွာ​စား​နိုင်​ကြ​စေ​ရန်​ကောင်း​ကင်​မှ အ​စား​အ​စာ​ကို​ချ​ပေး​တော်​မူ၏။


သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​တောင်း​ခံ​သည့် အ​ရာ​ကို​ချ​ပေး​တော်​မူ​သော်​လည်း သူ​တို့​အား​ရော​ဂါ​ဆိုး​စွဲ​ကပ်​စေ​တော် မူ​၏။


ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​တို့​ကို​တက်​စေ တော်​မူ​၍ မိုး​သက်​မုန်​တိုင်း​များ​အ​တွက်​လျှပ်​စစ်​လျှပ် နွယ်​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ လေ​ကို​လည်း​မိ​မိ​၏​လှောင်​တိုက်​တော်​ထဲ​က ထုတ်​ဆောင်​လာ​တော်​မူ​၏။


သို့​ဖြစ်​၍​မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး ကို​ကိုင်​လျက် လက်​ကို​ဆန့်​လိုက်​ရာ​ထာ​ဝ​ရ ဘု​ရား​သည် ထို​နေ့​နှင့်​တစ်​ည​ပတ်​လုံး​အရှေ့ ဘက်​မှ​လေ​ပြင်း​တိုက်​ခတ်​စေ​တော်​မူ​၏။ နံ​နက်​ရောက်​သော်​ထို​အ​ရှေ့​လေ​ဖြင့် ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-


သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။ သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။


ထို​နေ့​ည​နေ​တွင်​စ​ခန်း​တစ်​ခု​လုံး​နေ​ရာ အ​နှံ့​အ​ပြား​၌ ငုံး​ငှက်​များ​ဆင်း​သက်​လာ ၏။ နံ​နက်​တွင်​စ​ခန်း​ပတ်​လည်​၌​နှင်း​ကျ လေ​၏။-


ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​သည် စ​ခန်း​သို့​ပြန် သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ