အကြောင်းမူကား သင်မြင်ရသောမြေအားလုံးကို ငါသည် သင်နှင့်သင်၏သားစဉ်မြေးဆက်အား ကာလအစဉ်အဆက် ပိုင်ဆိုင်စေမည်။
တောလည် 11:12 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဤလူအပေါင်းတို့ကို ကိုယ်ဝန်ဆောင်ခဲ့ပါသလော။ ‘ထိုပြည်ကို သူတို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုခဲ့သည်နှင့်အညီ ကလေးထိန်းသည် နို့စို့ကလေးငယ်ကိုဆောင်သကဲ့သို့ ထိုပြည်သို့ သူတို့ကို သင့်ရင်ခွင်၌ ပွေ့ချီသွားလော့’ဟု အကျွန်ုပ်အား ကိုယ်တော်မိန့်တော်မူသည်မှာ အကျွန်ုပ်သည် သူတို့ကိုမွေးဖွားခဲ့ပါသလော။ Common Language Bible အကျွန်ုပ်သည်သူတို့ကိုဝမ်းနှင့်လွယ်၍မွေး ထုတ်ရသူဖြစ်ပါသလော။ ကိုယ်တော်သည်သူ တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထား တော်မူသောပြည်သို့သွားရာလမ်းတစ်လျှောက် လုံးတွင် အဘယ်ကြောင့်အကျွန်ုပ်အားကလေး ထိန်းသဖွယ်သူတို့ကိုပိုက်ချီဆောင်ယူသွား စေပါသနည်း။- Garrad Bible ဘိုး ဘေး တို့ အား သ စ္စာ ဆို တော် မူ ခဲ့ သည့် အ တိုင်း ပေး လ တ္တံ့ သော ပြည် သို့ နို့ စို့ သူ ငယ် ကို အ ဘ ပွေ့ ဆောင် သည့် နည်း တူ ဤ လူ မျိုး ကို ရင် ခွင်၌ ပွေ့ ဆောင် လော့ ဟု အ မိန့် ပေး တော် မူ သည့် အ ကြောင်း မှာ ကျွန် တော် မျိုး သ န္ဓေ လွယ်၍ ဖွား မြင် ပါ သ လား။ Judson Bible သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက် ဆောင်လော့ဟု အကျွန်ုပ်အားမိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဖွားမြင်ပါသလော။ |
အကြောင်းမူကား သင်မြင်ရသောမြေအားလုံးကို ငါသည် သင်နှင့်သင်၏သားစဉ်မြေးဆက်အား ကာလအစဉ်အဆက် ပိုင်ဆိုင်စေမည်။
ငါ့ဖခင်၏အိမ်၊ ငါ့မွေးရပ်မြေမှ ငါ့ကိုခေါ်ယူ၍ ‘ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ကျိန်ဆိုကတိပေးတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူမည်ဖြစ်၍ သင်သည် ငါ့သားအတွက် ထိုအရပ်မှ မိန်းမကိုရှာရမည်။
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
ရှမာရိမြို့တွင် အာဟပ်မင်းကြီး၏သားတော်အပါးခုနစ်ဆယ် ရှိ၏။ ယေဟုသည် ရှမာရိမြို့ရှိ ယေဇရေလမြို့အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် အာဟပ်မင်းကြီး၏သားတော်တို့ကိုအုပ်ထိန်းသောသူများထံသို့ စာရေးသားပေးပို့လိုက်၏။
ထို့ကြောင့် နန်းတော်အုပ်၊ မြို့အုပ်၊ သက်ကြီးဝါကြီးများနှင့် အထိန်းတော်များက ယေဟုထံသို့ လူလွှတ်ကာ “အကျွန်ုပ်တို့သည် အရှင့်အစေအပါးများ ဖြစ်ကြပါ၏။ အရှင်မိန့်တော်မူသမျှ အကျွန်ုပ်တို့ ပြုပါမည်။ မည်သူ့ကိုမျှ မင်းမမြှောက်ပါ။ အရှင်အလိုရှိသည့်အတိုင်းသာ ပြုပါ”ဟု အကြောင်းပြန်လေ၏။
ထာဝရဘုရားသည် သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင်တို့ကို ခါနာန်လူမျိုးတို့၏ပြည်သို့ ပို့ဆောင်၍ ထိုပြည်ကို သင်တို့အားပေးတော်မူသောအခါ
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့် အီဂျစ်ပြည်မှသင်ထုတ်ဆောင်ခဲ့သောလူတို့ ဤနေရာမှထွက်၍ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အား ‘ထိုပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ထိုပြည်သို့ သွားကြလော့။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆိုခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်မည်။ ထိုပြည်ကိုလည်း သင်တို့အား ငါအပိုင်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
သူတို့ကိုထိန်းကျောင်းရန် သိုးထိန်းတစ်ဦးအဖြစ် ငါ့အစေအပါးဒါဝိဒ်ကို ငါခန့်ထားမည်။ သူသည် သိုးထိန်းတစ်ဦးအဖြစ် သိုးတို့ကို ထိန်းကျောင်းပေးလိမ့်မည်။
ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။
အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။
ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။
နို့တိုက်မိခင်သည် မိမိ၏သားသမီးများကို ယုယကြင်နာသကဲ့သို့ သင်တို့အလယ်၌ နူးညံ့သိမ်မွေ့သောသူများဖြစ်ကြ၏။