သို့သော် ထာဝရဘုရား၏အိမ်တော်အတွက် ငွေဇလုံများ၊ မီးညှပ်များ၊ အင်တုံများ၊ တံပိုးခရာများ၊ ရွှေထည်ငွေထည်ပစ္စည်းများ စသည်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေများဖြင့် မပြုလုပ်ပေ။
တောလည် 10:2 - မြန်မာ့စံမီသမ္မာကျမ်း “သင့်အတွက် ငွေတံပိုးခရာနှစ်ခုကို ထုလုပ်လော့။ လူထုကိုစုရုံးရာတွင်လည်းကောင်း၊ တပ်စခန်းတို့ ခရီးဆက်ရာတွင်လည်းကောင်း ထိုခရာတို့ကို မှုတ်ရမည်။ Common Language Bible ``သင်သည်လူများကိုစုရုံးခေါ်ယူရာ၌လည်း ကောင်း၊ စခန်းဖြုတ်ရာ၌လည်းကောင်း မှုတ်ရန် အချက်ပေးငွေတံပိုးခရာနှစ်လုံးကိုထု လုပ်လော့။- Garrad Bible ပ ရိ သတ် စည်း ဝေး စေ ခြင်း ငှါ လည်း ကောင်း၊ တပ် များ ချီ စေ ခြင်း ငှါ လည်း ကောင်း ငွေ တံ ပိုး နှစ် လက် ကို ထု လုပ် လော့။ Judson Bible သင်သည် ပရိသတ်စည်းဝေးစေခြင်းငှာလည်းကောင်း၊ တပ်တို့ကိုချီစေခြင်းငှာလည်းကောင်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံးကို၊ တစ်လုံးလျှင် ငွေတစ်တုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။ |
သို့သော် ထာဝရဘုရား၏အိမ်တော်အတွက် ငွေဇလုံများ၊ မီးညှပ်များ၊ အင်တုံများ၊ တံပိုးခရာများ၊ ရွှေထည်ငွေထည်ပစ္စည်းများ စသည်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေများဖြင့် မပြုလုပ်ပေ။
အာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့် သူတို့၏သားမြေးများ၊ ညီအစ်ကိုများပါဝင်သော လေဝိအမျိုးသီချင်းသည်အပေါင်းတို့သည် ပိတ်ချောထည်ကို ဝတ်ဆင်လျက် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များကိုင်ဆောင်လျက် ယဇ်ပလ္လင်အရှေ့ဘက်တွင် ရပ်နေကြ၏။ တံပိုးခရာမှုတ်ရသောယဇ်ပုရောဟိတ် အပါးတစ်ရာ့နှစ်ဆယ်တို့လည်း သူတို့နှင့်အတူ ရပ်နေကြ၏။
အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ်နှစ်ပါးကို ရွှေဖြင့်ထုလုပ်ထားရမည်။
သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
အချည်းနှီးသောပူဇော်သက္ကာကို နောက်တစ်ဖန်မယူဆောင်လာကြနှင့်။ နံ့သာပေါင်းသည် ငါ့အတွက်စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးပွဲနေ့စသည့် ဒုစရိုက်နှင့်ရောပြွမ်းနေသည့်စည်းဝေးခြင်းနေ့မျိုးကို ငါသည်းမခံနိုင်တော့ချေ။
ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။
လူအစုအဝေးကို စုရုံးစေလိုလျှင်လည်း မှုတ်ရမည်။ သို့သော် တပ်လှန့်အချက်ပေးသံအဖြစ် မမှုတ်ရ။