စိရတောင်ပေါ်၌ ဟောရိလူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်ရာ တောကန္တာရအနီးရှိ ဧလပါရန်အရပ်တိုင်အောင်ရောက်လေ၏။
တောလည် 10:12 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် သိနာတောကန္တာရမှ ခရီးထွက်ခွာလာကြ၏။ မိုးတိမ်သည် ပါရန်တောကန္တာရ၌ ရပ်တန့်လေ၏။ Common Language Bible သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် သိ နာ တော မှ ခ ရီး ကောက် ချီ၍ ပါ ရန် တော သို့ ရောက် ကြ လျှင် တိမ် တိုက် တန့် ရပ်၏။ Judson Bible ဣသရေလအမျိုးသားတို့သည် သိနာတောင်မှခရီးသွားကြ၏။ နောက်တစ်ဖန် မိုးတိမ်သည် ပါရန်တော၌တည်နေ၏။ |
စိရတောင်ပေါ်၌ ဟောရိလူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်ရာ တောကန္တာရအနီးရှိ ဧလပါရန်အရပ်တိုင်အောင်ရောက်လေ၏။
ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ)
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောကန္တာရ၊ တွေ့ဆုံစည်းဝေးရာတဲတော်တွင် ထာဝရဘုရားက မောရှေအား
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။
ထို့နောက်မှ လူတို့သည် ဟာဇရုတ်အရပ်မှ ခရီးပြု၍ ပါရန်တောကန္တာရတွင် စခန်းချကြ၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏အကြီးအမှူးများကို ပါရန်တောကန္တာရမှ စေလွှတ်၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။
အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ပထမလ၌ သိနာတောကန္တာရတွင် ထာဝရဘုရားက မောရှေအား
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသည့်အခါ အစ္စရေးအမျိုးသားတို့ ခရီးပြုကြ၏။ မိုးတိမ်ရပ်တန့်သည့်နေရာတွင် အစ္စရေးအမျိုးသားတို့ စခန်းချကြ၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်တွင် သိနာတောကန္တာရ၌ ပသခါပွဲတော်ကို ကျင်းပပြုလုပ်ကြ၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။
ထိုမှ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဟောရပ်တောင်မှ ခရီးပြု၍ အာမောရိတောင်ပေါ်ဒေသလမ်းတစ်လျှောက်ရှိ သင်တို့မြင်ရသည့် ကြောက်မက်ဖွယ်တောကန္တာရကြီးကိုဖြတ်ကာ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။
မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။