သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
တောလည် 1:26 - မြန်မာ့စံမီသမ္မာကျမ်း ယုဒ၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ Garrad Bible ယု ဒ အ နွယ် သား တို့ တွင် အ ဆက် အ နွယ်၊ အိမ် ထောင်၊ အ မည် အ လိုက် ရေ တွက် သော် စစ် ချီ နိုင် သူ၊ အ သက် နှစ် ဆယ် ကျော် ယု ဒ အ နွယ် သား ခု နစ် သောင်း လေး ထောင့် ခြောက် ရာ။ Judson Bible ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ |
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
ယုဒ၏သားများမှာ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇေရ တို့ဖြစ်ကြ၏။ ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌သေဆုံးကြ၏။ ဖာရက်၏သားများမှာ ဟေဇရုန်၊ ဟာမုလ တို့ဖြစ်ကြ၏။
ယွာဘသည် လူအရေအတွက်စာရင်းကို ရှင်ဘုရင်ထံ ပေးအပ်၏။ စာရင်းအရဓားကိုင်စစ်သူရဲများမှာ အစ္စရေးအမျိုးသားတွင် ရှစ်သိန်း၊ ယုဒအမျိုးသားတွင် ငါးသိန်း ရှိ၏။
ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။
အာဗြဟံသည် သားဣဇက်ကိုရ၏။ ဣဇက်သည် သားယာကုပ်ကိုရ၏။ ယာကုပ်သည် သားယုဒနှင့်သူ၏ညီအစ်ကိုများကိုရ၏။