လူငယ်တို့သည်လည်း ငါ့ကိုမြင်လျှင် ရှောင်ပေးကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ရပ်ပေးကြ၏။
တိတု 2:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ငယ်ရွယ်သောယောက်ျားတို့အား တည်ငြိမ်မှန်ကန်သောစိတ်ရှိကြရန် တိုက်တွန်းနှိုးဆော်လော့။ Common Language Bible ထိုနည်းတူစွာငယ်ရွယ်သူအမျိုးသားများ အားဣန္ဒြေစောင့်စည်းရန်တိုက်တွန်းလော့။- Garrad Bible ပျို ရွယ် သော ယောက်ျား တို့ လည်း ဣ န္ဒြေ စောင့် ကြ ရ မည့် အ ကြောင်း နှိုး ဆော် လော့။ Judson Bible ထိုနည်းတူ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ အသက်ငယ်သောအမျိုးသားတို့အား မိမိကိုယ်ကိုယ် ချုပ်တည်းနိုင်ရန် နှိုးဆော်လော့။ |
လူငယ်တို့သည်လည်း ငါ့ကိုမြင်လျှင် ရှောင်ပေးကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ရပ်ပေးကြ၏။
လူပျိုများနှင့်အပျိုများ၊ အသက်ကြီးသောသူများနှင့်ကလေးသူငယ်များတို့၊ ထာဝရဘုရားကို ကမ္ဘာမြေကြီးပေါ်မှ ချီးမွမ်းကြလော့။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
သင်၏အသက်ပျိုရွယ်သောနေ့ရက်များ၌ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ဘေးဒုက္ခခံရာနေ့ရက်များရောက်လာသဖြင့် “ငါ၌မည်သည့်ပျော်ရွှင်မှုမျှမရှိ”ဟု သင်ပြောဆိုသောနှစ်ကာလများမကျရောက်မီ၊
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
သို့ဖြစ်၍ အခြားသောသူများကဲ့သို့ အိပ်ပျော်ခြင်းမရှိဘဲ သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြကုန်စို့။
အသက်ကြီးသောယောက်ျားတို့ကို ပြစ်တင်မောင်းမဲခြင်းမပြုဘဲ ဖခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောယောက်ျားတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။
ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။