ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
တမန်တော်ဝတ္ထု 8:11 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သူ့ကိုအာရုံစိုက်ကြခြင်းမှာ သူသည် ကာလကြာမြင့်စွာ မှော်အတတ်ဖြင့် သူတို့ကို အံ့ဩငေးမောစေခဲ့သောကြောင့်ဖြစ်၏။ Common Language Bible သူတို့သည်ရှိမုန်၏မှော်အတတ်ကိုအံ့သြ လျက်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ကြောင့် ဤသို့အာရုံစိုက်၍နားထောင်ကြ ခြင်းဖြစ်၏။- Judson Bible ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေခြင်းငှာ ထိုသူသည် နတ်ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ အာရုံစိုက်ရခြင်းမှာ သူသည် မှော်ပညာများအားဖြင့် သူတို့ကို အချိန်ကြာမြင့်စွာ အံ့ဩစေနိုင်ခဲ့သောကြောင့်ဖြစ်၏။ |
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
တစ်ကျွန်းလုံးကိုလှည့်လည်၍ ပါဖုမြို့အထိရောက်လျှင် ပရောဖက်အတုအယောင်ဖြစ်သည့် ဗာယေရှုအမည်ရှိသော ဂျူးလူမျိုးမှော်ဆရာတစ်ဦးကို တွေ့ကြ၏။
ထိုမြို့တွင် ရှိမုန်အမည်ရှိသော လူတစ်ဦးရှိ၏။ သူသည် ယခင်ကတည်းက မှော်အတတ်ကိုသုံး၍ ရှမာရိနယ်သားတို့ကို အံ့ဩငေးမောစေကာ မိမိကိုယ်ကိုထူးမြတ်သူတစ်ဦးဖြစ်သည်ဟုဆိုလေ့ရှိ၏။
အို မိုက်မဲသောဂလာတိပြည်သားတို့၊ လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ယေရှုခရစ်တော်သည် သင်တို့မျက်စိရှေ့၌ ထင်ရှားစွာဖော်ပြခြင်းခံရလျက်နှင့် မည်သူက သင်တို့ကိုပြုစားလိုက်သနည်း။