Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 8:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို​မြို့​တွင် ရှိမုန်​အမည်​ရှိ​သော လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ယခင်​ကတည်းက မှော်အတတ်​ကို​သုံး​၍ ရှမာရိ​နယ်သား​တို့​ကို အံ့ဩ​ငေးမော​စေ​ကာ မိမိကိုယ်ကို​ထူးမြတ်​သူ​တစ်​ဦး​ဖြစ်​သည်​ဟု​ဆို​လေ့​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို​မြို့​၌​ရှိ​မုန်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​ဟု​ဆို​ကာ ရှ​မာ​ရိ​အ​မျိုး​သား​တို့​အား​မှော်​အ​တတ်​ကို ပြ​၍​လွန်​စွာ​အံ့​သြ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို ကာ လ ၎င်း မြို့ တွင် ရှ မာ ရိ လူ မျိုး ကို အံ့ သြ စေ လျက် ကိုယ် ကို ထူး မြတ် သည် ဟု ဂုဏ် တင် သူ ရှိ မုန် အ မည် ရှိ သော ဝိ ဇ္ဇာ ဆ ရာ တစ် ယောက် ရှိ နှင့် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ရှိ​မုန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ထို​မြို့၌ နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်​ပြု​ပြင်၍၊ ငါ​သည် ထူး​ဆန်း​သော​သူ​ဖြစ်​သည်​ဟု​ဆို​လျက်၊ ရှ​မာ​ရိ​အ​မျိုး​သား​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို​မြို့​တွင် ရှိမုန်​ဟု ခေါ်သော​သူ​တစ်ဦး​ရှိ၏။ သူ​သည် ယခင်​ကပင် မှော်ပညာ​ကို ပြသ​၍ ရှမာရိလူမျိုးများ​အား အံ့အားသင့်စေ​ကာ မိမိ​သည် ကြီးမြတ်သူ​တစ်ဦး​ဖြစ်သည်​ဟု ကြွားဝါ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 8:9
20 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဖာရော​မင်းကြီး​သည် ပညာရှိ​များ​နှင့်​မှော်ဆရာ​များ​ကို​ခေါ်​၍ ထို​အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​နတ်ဝိဇ္ဇာအတတ်​များ​ဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။


အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​အားဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


နတ်ဝိဇ္ဇာဆရာ​များ​နှင့် အီဂျစ်​လူမျိုး​အားလုံး​တို့​၌ အနာစိမ်း​ပေါက်​သဖြင့် နတ်ဝိဇ္ဇာဆရာ​တို့​သည် အနာစိမ်း​ကြောင့် မောရှေ​၏​ရှေ့​၌ မ​ရပ်​နိုင်​ကြ​ပေ​။


တစ်စုံတစ်ယောက်​သည် နတ်ဝင်သည်​များ​နှင့်​နတ်ထိန်း​များ​ထံသို့​လှည့်​၍ သူ​တို့​နောက်သို့​လိုက်​ပြီး ဖောက်ပြန်မှားယွင်း​လျှင် ငါ​သည် သူ့​ကို မျက်နှာ​လွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။


မိမိ​ဆန္ဒ​အလျောက်​ဟောပြော​သော​သူ​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ရှာ​တတ်​၏။ မိမိ​ကို​စေလွှတ်​သော​အရှင်​၏​ဘုန်း​အသရေ​ကို​ရှာ​သော​သူ​မူကား ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မတရားမှု​မ​ရှိ။


တစ်​ကျွန်း​လုံး​ကို​လှည့်လည်​၍ ပါဖု​မြို့​အထိ​ရောက်​လျှင် ပရောဖက်​အတုအယောင်​ဖြစ်​သည့် ဗာယေရှု​အမည်​ရှိ​သော ဂျူး​လူမျိုး​မှော်ဆရာ​တစ်​ဦး​ကို တွေ့​ကြ​၏။


သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။


အကြောင်းမူကား တစ်ခါက သုဒ​သည်​ပေါ်လာ​၍ မိမိကိုယ်ကို​အရေးပါ​သူ​ဖြစ်​သည်​ဟု​ဆို​သဖြင့် အရေအတွက်​အားဖြင့် လေးရာ​ခန့်​ရှိ​သော​သူ​တို့​သည် သူ့​နောက်​သို့​လိုက်​ခဲ့​ကြ​၏။ သို့သော် သူ​သည် အသတ်​ခံရ​ပြီး သူ့​နောက်​သို့​လိုက်​သော​သူ​အားလုံး​တို့​သည် တကွဲတပြား​ဖြစ်​ကြ​လျက် မည်သို့မျှ​အရာမထင်​ခဲ့​ချေ။


သူ​တို့​သည် သူ့​ကို​အာရုံစိုက်​ကြ​ခြင်း​မှာ သူ​သည် ကာလ​ကြာမြင့်​စွာ မှော်အတတ်​ဖြင့် သူ​တို့​ကို အံ့ဩ​ငေးမော​စေ​ခဲ့​သောကြောင့်​ဖြစ်​၏။


ထို​သူ​သည် ဘုရား​ဟု​ခေါ်ဝေါ်​သော​အရာ​နှင့် ကိုးကွယ်​ခြင်း​ခံရ​သော​အရာ​အားလုံး​ကို ဆန့်ကျင်​လျက် ၎င်း​တို့​အပေါ် မိမိကိုယ်ကို​ချီးမြှောက်​ကာ ဘုရားသခင်​၏​ဗိမာန်​တော်​၌​ထိုင်​၍ မိမိကိုယ်ကို​ဘုရား​ဖြစ်​သည်​ဟု ကြေညာ​လိမ့်မည်။


အကြောင်းမူကား လူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်​သော​သူ၊ ငွေ​ကို​တပ်မက်​သော​သူ၊ ကြွားဝါ​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ စော်ကား​ပြောဆို​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ ကျေးဇူး​မ​သိ​သော​သူ၊ မ​သန့်ရှင်း​သော​သူ၊


ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။


အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။


အပြင်​၌​ကား ခွေး​များ၊ ပြုစား​သော​သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လူသတ်သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် မုသား​ကို​နှစ်သက်​၍ ကျင့်သုံး​သော​သူ​အပေါင်း​တို့​ရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ