သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 26:6 - မြန်မာ့စံမီသမ္မာကျမ်း ယခု အကျွန်ုပ်သည် အကျွန်ုပ်တို့ဘိုးဘေးများအား ဘုရားသခင်ပေးထားသောကတိတော်နှင့်ဆိုင်သည့် မျှော်လင့်ခြင်းအတွက် ရပ်လျက် စစ်ဆေးစီရင်ခံနေရခြင်းဖြစ်ပါသည်။ Common Language Bible ဘုရားသခင်သည်အကျွန်ုပ်တို့၏ဘိုးဘေး များအားထားတော်မူသည့်ကတိတော်ကို အကျွန်ုပ်မျှော်လင့်စောင့်စားသည့်အတွက် ယခုအခါအကျွန်ုပ်သည်အစစ်အဆေး ခံနေရပါ၏။- Garrad Bible ယ ခု မှာ အို ဘု ရင် မင်း မြတ်၊ ကျွန် တော် တို့ ဘိုး ဘေး များ အား ဘု ရား သ ခင် က တိ ထား တော် မူ သည့် အ တိုင်း နေ့ ညဉ့် မ ပြတ် လူ မျိုး ဆယ့် နှစ် နွယ် တို့ စိတ် ပါ ကိုယ် ရောက် ဝတ် ပြု သ ဖြင့် ရ မည် ဟု မျှော် လင့် ကြ သော က တိ တော် ကို ကျွန် တော် လည်း မျှော် လင့် သည့် အ တွက် ထို ယု ဒ လူ မျိုး တို့ ပင် စွဲ ဆို ကြ သည့် အ လျောက် စီ ရင် ခံ လျက် နေ ရ ပါ သည်။ Judson Bible ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ကတိတော်ကိုထောက်၍ မျှော်လင့်ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဘုရားသခင်ပေးတော်မူသောကတိတော်ကို စောင့်မျှော်နေခြင်းကြောင့် ယခုအကျွန်ုပ်သည် စစ်ဆေးခံနေရပါ၏။ |
သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။
ထိုအရပ်၌ ဒါဝိဒ်အတွက် ဦးချိုကို ငါပေါက်စေမည်။ ငါဘိသိက်ပေးထားသောသူအတွက် မီးခွက်ကို ငါပြင်ဆင်ပြီ။
ထာဝရဘုရားသည် မိမိ၏ကယ်တင်ခြင်းကို ထင်ရှားစေ၍ မိမိ၏ဖြောင့်မတ်ခြင်းကို လူမျိုးတကာတို့ရှေ့၌ ဖော်ပြတော်မူပြီ။
ထိုနေ့ရက်၌ ထာဝရဘုရား၏အကိုင်းသည် လှပ၍ဘုန်းအသရေရှိမည်။ မြေ၏အသီးအနှံသည်လည်း အသက်ဘေးလွတ်သောအစ္စရေးလူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်လိမ့်မည်။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
ဖျက်ဆီးမည်၊ ဖျက်ဆီးမည်၊ ငါဖျက်ဆီးပစ်မည်။ စီရင်ပိုင်သူရောက်လာ၍ သူ့လက်သို့မအပ်မချင်း ဤအတိုင်းမရှိစေရ’ဟု မိန့်တော်မူ၏။
ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
ကိုယ်တော်သည် ရှေးယခင်ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည့်အတိုင်း ယာကုပ်အား သစ္စာတော်ကိုလည်းကောင်း၊ အာဗြဟံအား မေတ္တာကရုဏာတော်ကိုလည်းကောင်း ပြတော်မူမည်။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် သူ့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အတက် ဟုအမည်ရှိသောသူတစ်ယောက် ပေါ်လာမည်။ သူသည် ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်လိမ့်မည်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။
သူတို့ကိုယ်တိုင်လည်း စောင့်မျှော်သကဲ့သို့ ဖြောင့်မတ်သောသူများဖြစ်စေ၊ မဖြောင့်မတ်သောသူများဖြစ်စေ နောင်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်နေပါသည်။
အကျွန်ုပ်သည် သူတို့ရှေ့၌ရပ်လျက် ‘အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယနေ့ သင်တို့ရှေ့၌ စစ်ဆေးစီရင်ခံနေရပါသည်’ဟူသောစကားတစ်ခွန်းကိုသာ ကြွေးကြော်ခဲ့ပါသည်”ဟု ဆိုလေ၏။
သေလွန်သောသူတို့အား ဘုရားသခင်ထမြောက်စေတော်မူသည်ကို မယုံနိုင်စရာဟု အရှင်တို့ အဘယ်ကြောင့်ထင်မှတ်ကြပါသနည်း။
ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။
ရှမွေလမှစ၍ သူ့နောက်မှ အဆက်ဆက်ပေါ်ထွန်းသောပရောဖက်ရှိသမျှတို့သည်လည်း ဤနေ့ရက်ကာလအကြောင်းကို ဟောပြောလျက်ကြေညာကြ၏။
တစ်ဖန် ငါဆိုသည်ကား ခရစ်တော်သည် ဘုရားသခင်၏သမ္မာတရားကိုထင်ရှားစေရန် အရေဖျားလှီးထားသောသူတို့၏အစေခံဖြစ်တော်မူ၏။ ထိုသို့ဖြစ်တော်မူခြင်းမှာ ရှေးဘိုးဘေးတို့အား ပေးထားသောကတိတော်တို့ကို တည်မြဲစေရန်နှင့်
သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အမျိုးသားချင်းထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင့်အတွက် ပေါ်ထွန်းစေတော်မူမည်။ သူ့စကားကို သင်တို့နားထောင်ရမည်။
ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာရှိသောမျှော်လင့်ခြင်းကို စောင့်မျှော်ရန်လည်းကောင်း ဆုံးမသွန်သင်လျက်ရှိ၏။