ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။
တမန်တော်ဝတ္ထု 23:35 - မြန်မာ့စံမီသမ္မာကျမ်း “သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။ Common Language Bible ဘုရင်ခံမင်းက ``ဤအရပ်သို့သင်၏တရား လိုများရောက်ရှိလာကြသောအခါ သင်၏ အမှုကိုငါစစ်ဆေးမည်'' ဟုဆို၏။ ထိုနောက် ပေါလုအားဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့ သောနန်းတော်တွင်အစောင့်အကြပ်နှင့်ထား ရန်အမိန့်ပေးလေသည်။ Garrad Bible စွဲ ဆို သူ တို့ ရောက် လာ မှ သင့် အ မှု ကို ငါ စစ် ဆေး မည် ဟု ဆို လျက် ပေါ လု ကို ဟေ ရုဒ် မင်း နန်း တော် ဟောင်း တွင် အ စောင့် အ ကြပ် နှင့် ထား စေ ရန် အ မိန့် ရှိ ၏။ Judson Bible သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင့်ကို စွပ်စွဲသူများရောက်လာသောအခါ သင်၏အမှုကို ငါကြားနာမည်” ဟု ဆို၏။ ထို့နောက် ဘုရင်ခံသည် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်၌ စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။ |
ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။
ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် တုန်လှုပ်ချောက်ချားလေ၏။ ဂျေရုဆလင်တစ်မြို့လုံးသည်လည်း မင်းကြီးနှင့်အတူ တုန်လှုပ်ချောက်ချားကြ၏။
ထို့နောက် ဘုရင်ခံ၏စစ်သားများသည် ယေရှုကို ရုံးတော်အတွင်းသို့ခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကို ကိုယ်တော်ထံစုဝေးစေကာ
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။
သို့သော် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသည်ဟု သတင်းရသဖြင့် အကျွန်ုပ်သည် အရှင့်ထံသို့ သူ့ကို ချက်ချင်းစေလွှတ်လိုက်ပါသည်။ စွပ်စွဲသောသူတို့အားလည်း သူ့အပေါ်စွပ်စွဲချက်များကို အရှင့်ထံ တင်ပြလျှောက်ထားကြရန် ညွှန်ကြားထားပါသည်။”
ငါးရက်လွန်သောအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် ရှေ့နေတေရတုလုမှစ၍ သက်ကြီးဝါကြီးအချို့တို့နှင့်အတူ ရောက်လာ၍ ဘုရင်ခံထံပေါလုကိုတရားစွဲဆိုကြ၏။
ထိုအခါ ဘုရင်ခံသည် ပေါလုအား ပြောဆိုရန်အချက်ပြသဖြင့် ပေါလုက “အရှင်သည် ဤလူမျိုးကို နှစ်ပေါင်းများစွာတရားစီရင်သူဖြစ်ကြောင်းသိလျက် အကျွန်ုပ်အမှုနှင့်ပတ်သက်၍ ဝမ်းမြောက်စွာချေပပြောဆိုပါသည်။
သို့ရာတွင် အာရှပြည်မှ ဂျူးလူမျိုးအချို့ရှိကြပါသည်။ သူတို့သည် အကျွန်ုပ်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် အရှင့်ရှေ့၌ ကိုယ်တိုင်လာ၍ စွဲဆိုသင့်ပါသည်။
ဖေလဇ်မင်းသည် ထိုတရားလမ်းအကြောင်းကို တိကျသေချာစွာသိထားသောကြောင့် “တပ်မှူးကြီးလုသိရောက်လာသောအခါ သင်တို့အမှုကို ငါစစ်ဆေးမည်”ဟု ဆိုလျက် အမှုကိုရွှေ့ဆိုင်းလိုက်လေ၏။
ပေါလုကိုမူကား စောင့်ကြပ်ထားရန်နှင့် လွတ်လပ်မှုကိုအနည်းအကျဉ်းပေး၍ သူ၏အပေါင်းအဖော်များ သူ့ကိုပြုစုမည်ကို မတားဆီးရန် တပ်မှူးအား မှာကြားလေ၏။
သို့သော် စွပ်စွဲခံရသူတစ်စုံတစ်ဦးသည် စွပ်စွဲသောသူနှင့်မျက်နှာချင်းဆိုင်၍ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ချေပပြောဆိုခွင့်မရမီ သူ့ကိုလွှဲအပ်ပေးခြင်းသည် ရောမတို့၏ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား အကျွန်ုပ်ဖြေကြားခဲ့ပါသည်။