အကြောင်းမူကား အကျွန်ုပ်၌ ညီအစ်ကိုငါးဦးရှိပါ၏။ သူတို့သည် ဝေဒနာခံရာ ဤအရပ်သို့ မရောက်မည့်အကြောင်း သူတို့အား သွား၍သတိပေးစေလိုပါ၏’ဟု လျှောက်လေ၏။
တမန်တော်ဝတ္ထု 20:23 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အချုပ်အနှောင်နှင့် ဆင်းရဲဒုက္ခများသည် ငါ့ကိုစောင့်နေကြောင်း သန့်ရှင်းသောဝိညာဉ်တော်က မြို့တိုင်း၌ ငါ့အားသက်သေခံတော်မူသည်ကို ငါသိ၏။ Common Language Bible သန့်ရှင်းသောဝိညာဉ်တော်က `သင်သည်ချည် နှောင်ခြင်းနှင့်ဆင်းရဲဒုက္ခကိုခံရလိမ့်မည်' ဟူ ၍မြို့တိုင်းတွင် ငါ့အားကြိုတင်သတိပေး သည်ကိုသာလျှင်ငါသိ၏။- Judson Bible သို့သော်လည်း ချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသောဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်သည် အကျဉ်းချခံရ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမည်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် မြို့တိုင်းတွင် သက်သေခံဖော်ပြတော်မူ၏။ |
အကြောင်းမူကား အကျွန်ုပ်၌ ညီအစ်ကိုငါးဦးရှိပါ၏။ သူတို့သည် ဝေဒနာခံရာ ဤအရပ်သို့ မရောက်မည့်အကြောင်း သူတို့အား သွား၍သတိပေးစေလိုပါ၏’ဟု လျှောက်လေ၏။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုသူသည် ငါတို့ထံလာ၍ ပေါလု၏ခါးပန်းကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကို ချည်နှောင်ကာ “ဂျူးလူမျိုးတို့သည် ဤခါးပန်းပိုင်ရှင်ကို ဂျေရုဆလင်မြို့တွင် ဤကဲ့သို့ချည်နှောင်၍ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူ၏”ဟု ဆိုလေ၏။
ထိုအခါ တပ်မှူးကြီးသည် အနီးသို့ရောက်လာ၍ ပေါလုကိုဖမ်းဆီးကာ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေးပြီးလျှင် ပေါလုသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို မေးမြန်းလေ၏။
ငါတို့သည် တပည့်တော်တို့ကိုတွေ့၍ ထိုအရပ်၌ ခုနစ်ရက်နေကြ၏။ သူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။
ထိုအခါ ဝိညာဉ်တော်သည် ဖိလိပ္ပုအား “ထိုရထားအနီးသို့သွား၍ ကပ်ပြီးလိုက်လော့”ဟု မိန့်တော်မူ၏။
သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်ခြင်းမရှိစေရန်ဖြစ်၏။ အကြောင်းမူကား ဤသို့ဆင်းရဲဒုက္ခကိုခံရစေရန် ငါတို့ကိုခန့်ထားတော်မူကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
သို့သော် နောင်လာမည့်အချိန်ကာလများ၌ လူအချို့တို့သည် လှည့်ဖြားသောဝိညာဉ်များနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို အာရုံစိုက်လျက် ယုံကြည်ခြင်းကိုစွန့်ခွာကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတိအလင်းမိန့်တော်မူ၏။
ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။