ငါဆိုဆုံးမသောစကားကို လိုက်နာကြလော့။ ကြည့်ရှုလော့။ ငါသည် ငါ၏ဝိညာဉ်ကို သင်တို့အပေါ်သို့သွန်းလောင်းမည်။ ငါ၏စကားများကို သင်တို့အား သိစေမည်။
တမန်တော်ဝတ္ထု 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ‘ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်’ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ငါသတိရ၏။ Common Language Bible ထိုအခါ `ယောဟန်သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သို့ရာတွင်သင်တို့သည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ဗတ္တိဇံမင်္ဂလာခံရကြလိမ့် မည်' ဟူသောသခင်ဘုရား၏စကားတော် ကိုငါသည်ပြန်၍သတိရ၏။- Garrad Bible ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ သင် တို့ မူ ကား သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ အ ရှင် ဘု ရား မိန့် တော် မူ ချက် ကို ငါ သ တိ ရ၏။ Judson Bible ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကျွန်ုပ်က သခင်ဘုရား မိန့်တော်မူခဲ့သော ‘ယောဟန်သည် ရေ၌နှစ်ခြင်းမင်္ဂလာပေးသော်လည်း သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာကို ခံယူကြရလိမ့်မည်’ဟူသည့် စကားတော်ကို ပြန်၍သတိရ၏။ |
ငါဆိုဆုံးမသောစကားကို လိုက်နာကြလော့။ ကြည့်ရှုလော့။ ငါသည် ငါ၏ဝိညာဉ်ကို သင်တို့အပေါ်သို့သွန်းလောင်းမည်။ ငါ၏စကားများကို သင်တို့အား သိစေမည်။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
ထိုနေ့ရက်ကာလတွင် တောင်များပေါ်မှ စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းများမှ နို့ရည်စီးကျလိမ့်မည်။ ယုဒမြစ်ချောင်းရှိသမျှတို့သည် ရေများစီးဆင်းနေလိမ့်မည်။ စမ်းရေသည်လည်း ထာဝရဘုရားအိမ်တော်မှ စီးထွက်၍ ရှိတ္တိမ်လွင်ပြင်ကို ရေဝစေလိမ့်မည်။
ငါသည် သင်တို့ကို နောင်တအတွက် ရေ၌ဗတ္တိဇံပေး၏။ သို့သော် ငါ့ထက် ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကိုချွတ်ပေးရန်ပင် ငါသည် မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကို ဗတ္တိဇံပေးတော်မူလိမ့်မည်။
မိမိတို့၏အပြစ်များကိုဖော်ပြဝန်ခံလျက် ဂျော်ဒန်မြစ်တွင် သူ့ထံ၌ဗတ္တိဇံခံကြ၏။
ငါသည် သင်တို့ကို ရေ၌ဗတ္တိဇံပေးသော်လည်း ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်”ဟု ဟောပြောလေ၏။
ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော် ငါ့ထက်ကြီးမြတ်သောအရှင်သည် ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ဖြေပေးရန်ပင် ငါသည်မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်။
ယောဟန်ကလည်း “ငါသည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောအရှင်တစ်ပါးရပ်လျက်ရှိ၏။
ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် ရေ၌ဗတ္တိဇံပေးရန် ငါ့ကိုစေလွှတ်တော်မူသောအရှင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံပေးသောသူဖြစ်၏’ဟု ငါ့အားမိန့်တော်မူခဲ့သည့်အတိုင်း
သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။
ထိုအချိန်ကာလရောက်လာသောအခါ ငါသည် ဤသို့ပြောခဲ့ကြောင်း သင်တို့သတိရစေရန် ဤအကြောင်းအရာများကို သင်တို့အား ပြောထား၏။ ငါသည် သင်တို့နှင့်အတူရှိနေသောကြောင့် ဤအကြောင်းအရာများကို အစအဦး၌ သင်တို့အား မပြောခဲ့ပေ။
အကြောင်းမှာ ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား မကြာမီအတွင်း သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်”ဟု မိန့်မှာတော်မူ၏။
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
ချစ်ရသောသူတို့၊ ယခု ဤဒုတိယစာကို သင်တို့ထံသို့ ငါရေးလိုက်၏။ ငါသည် ဤစာနှစ်စောင်လုံးတွင် သင်တို့ကိုသတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့၏ဖြူစင်သောစိတ်နှလုံးကို နိုးကြားတက်ကြွစေ၏။