Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 11:16 - Garrad Bible

16 ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ သင် တို့ မူ ကား သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ အ ရှင် ဘု ရား မိန့် တော် မူ ချက် ကို ငါ သ တိ ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ထို​အ​ခါ `ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သို့​ရာ​တွင်​သင်​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ရ​ကြ​လိမ့် မည်' ဟူ​သော​သ​ခင်​ဘု​ရား​၏​စ​ကား​တော် ကို​ငါ​သည်​ပြန်​၍​သ​တိ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို ထို​အ​ခါ ငါ​အောက်​မေ့၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထိုအခါ‘ယောဟန်​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​မူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်’​ဟု သခင်​ဘုရား​မိန့်​တော်မူ​သော​စကား​ကို ငါ​သတိရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထိုအခါ ကျွန်ုပ်​က သခင်ဘုရား မိန့်တော်မူခဲ့သော ‘ယောဟန်​သည် ရေ​၌​နှစ်ခြင်းမင်္ဂလာ​ပေး​သော်လည်း သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၌ နှစ်ခြင်းမင်္ဂလာ​ကို ခံယူကြရ​လိမ့်မည်’​ဟူသည့် စကားတော်​ကို ပြန်​၍​သတိရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 11:16
20 ပူးပေါင်းရင်းမြစ်များ  

ငါ့ ဆုံး မ ပဲ့ ပြင် ခြင်း ကြောင့် ပြောင်း လဲ ကြ လော့။ ငါ့ ဝိ ညာဉ် ကို သင် တို့ အ ပေါ် သို့ သွန်း လောင်း သ ဖြင့်၊ ငါ့ စ ကား များ ကို နား လည် စေ မည်။


သင် တို့ စင် ကြယ် ရာ ရောက် အောင်၊ စင် ကြယ် သော ရေ ဖြင့် ဖျန်း ၍၊ ရုပ် ပွား ဆင်း တု အ မျိုး မျိုး၊ အ ညစ် အ ကြေး အ မျိုး မျိုး နှင့် စင် ကြယ် စေ မည့် ပြင်၊


ထို နောက် လူ အ ပေါင်း တို့ အ ပေါ် သို့၊ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့်၊ သင် တို့ သား သ မီး များ သည်၊ တရား ဟော လျက်၊ လူ အို တို့ သည်၊ အိပ် မက် လျက်၊ လူ ပျို သည်၊ ရူ ပါ ရုံ မြော် မြင် လျက် နေ ရ ကြ လ တ္တံ့။


ထို ကာ လ၌။ တောင် တန်း မှ စ ပျစ် ရည် ယို လျက်၊ ခင် တန်း မှ နို့ ရည် ထွက် လျက်၊ ယု ဒ ပြည် ရှိ ချောင်း ဟူ သ မျှ၌ ရေ စီး လျက် ရှိ သည့် ပြင်။ ရှိ တ္တိမ် ချိုင့် သို့ ဝင် ရောက် မည့် စမ်း ရေ သည်။ ဗိ မာန် တော် မှာ ထွက် စီး လိမ့် မည်။


ငါ သည် သင် တို့ ကို နောင် တ ရ ခြင်း အ လို့ ငှာ ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ငါ့ နောက် ကြွ လာ မည့် အ ရှင် သည် ငါ့ ထက် တန် ခိုး ကြီး တော် မူ၏။ ဖိ နပ် တော် ကို မျှ ငါ မ ကိုင် ထိုက်။ ကိုယ် တော် သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ မီး နှင့် လည်း ကောင်း ဗ တ္တိ ဇံ မင်္ဂ လာ ပေး တော် မူ လိမ့် မည်။


ယော ဟန့် ထံ သွား ရောက်၍ အ ပြစ် ဝန် ချ လျက် ယော် ဒန် မြစ်၌ သူ့ လက် ဖြင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ၏။


ငါ သည် သင် တို့ ကို ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ထို အ ရှင် မူ ကား သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပေး တော် မူ လိမ့် မည် ဟု ဟော ပြော ၏။


ထို မိန့် တော် မူ ချက် ကို သ တိ ရ၍ သင်္ချိုင်း ဂူ တော် မှ ပြန် သွား လျှင်၊


ယော ဟန် က၊ ငါ သည် သင် တို့ ကို ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ငါ့ ထက် တန် ခိုး ကြီး၍ ဖိ နပ် တော် ကြိုး ကို မျှ ငါ မ ဖြည် ထိုက် သော အ ရှင် သည် ကြွ လာ ပြီး လျှင် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ မီး နှင့် လည်း ကောင်း ဗတ္တိ ဇံ မင်္ဂ လာ ပေး တော် မူ လိမ့် မည်။


ယောဟန်က၊ ငါသည်ရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ ငါ့နောက်ကြွလာ၍၊ သင်တို့မသိသောအရှင်ဖိနပ်တော်ကြိုးကိုမျှ ငါမဖြည်ထိုက်သောအရှင်ကား သင်တို့ဘောင်တွင်တည်ရှိလေပြီဟု ဖြေဆို၏။


ကိုယ်တော်မှန်း ငါမသိရာတွင် ရေနှင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်လိုက်သောအရှင်က၊ မည်သူ့အပေါ်သို့မဆို ဝိညာဉ်တော့်ဆင်းသက်နားနေသည်ကို သင်မြင်ရလျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံမင်္ဂလာပေးသူဖြစ်သည်ဟု မိန့်တော်မူသည့်အတိုင်း၊


ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။


သို့ရာတွင်အချိန်ရောက်သော် ငါပြောခဲ့ကြောင်းသင်တို့သတိရကြစေရန် ငါပြောနှင့်ပြီ။ သင်တို့နှင့်အတူရှိနေသောကြောင့် အစကငါမပြော။


ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန် ၏။ သင် တို့ မူ ကား၊ နေ့ ရက် များ စွာ မ ကြာ မီ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗတ္တိ ဇံ မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည် ဟု မိန့် မှာ တော် မူ ၏။


ခံ ယူ ခြင်း ထက် ပေး ကမ်း ခြင်း၌ မင်္ဂ လာ ရှိ သည် ဟု အ ရှင် ယေ ရှု ကိုယ် တော် တိုင် မိန့် တော် မူ ချက် ကို အောက် မေ့ ကြ သည့် ပြင် အား နည်း သူ တို့ ကို ထို သို့ ကြိုး စား လုပ် ကိုင် ခြင်း ဖြင့် ထောက် ပံ့ သင့် ကြောင်း အ ရာ ရာ တွင် ငါ သည် သင် တို့ အား ပုံ စံ ပြ ခဲ့ သည် ဟု ပြော ဆို ပြီး နောက်၊


အ သို့ ဆို သော် ယု ဒ လူ မျိုး ဖြစ် စေ၊ လူ မျိုး ခြား ဖြစ် စေ၊ ကျွန် ဖြစ် စေ၊ လူ လွတ် ဖြစ် စေ၊ ငါ တို့ ရှိ သ မျှ သည် ဝိ ညာဉ် တော် တစ် ဆူ တည်း အား ဖြင့် တစ် ကိုယ် တည်း ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ လျက် တစ် ဆူ တည်း သော ဝိ ညာဉ် တော် အ မြိုက် ကို သောက် ရ ကြ၏။


ချစ် သူ တို့ ဤ စာ သည် သင် တို့ ထံ ငါ ရေး လိုက် သော ဒု တိ ယ စောင် ဖြစ် လျက် နှစ် စောင် စ လုံး တွင် သ တိ ပေး၍ သင် တို့၏ ကြည် လင် သော ဉာဏ် ကို နှိုး ဆော် လိုက် သည် မှာ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ