အနန္တတန်ခိုးရှင်သည် အချိန်ကာလကို အဘယ်ကြောင့် သတ်မှတ်တော်မမူသနည်း။ ကိုယ်တော်နှင့်သိကျွမ်းသောသူတို့သည် ကိုယ်တော်၏နေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။
ဇေဖနိ 1:7 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေလော့။ အကြောင်းမူကား ထာဝရဘုရား၏နေ့ရက်တော်သည် ရောက်လုနီးပြီ။ ထာဝရဘုရားသည် ယဇ်ကောင်ကိုပြင်ဆင်ထားပြီ။ ဖိတ်ခေါ်ထားသောသူတို့ကိုလည်း သန့်ရှင်းစေတော်မူပြီ။ Common Language Bible ``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။ Garrad Bible နေ့ ရက် တော် သည် ရောက် လု ပြီ ဖြစ်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ဆိတ် ဆိတ် နေ ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည် ယဇ် ပွဲ ကို ယင် လျက်၊ ခေါ် ဖိတ် သူ တို့ ကို သီး သန့် ထား လေ ပြီ။ Judson Bible အရှင်ထာဝရဘုရား၏ရှေ့တော်၌ ငြိမ်သက်စွာ နေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရားသည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သောသူတို့ကို သန့်ရှင်းစေတော်မူပြီ။ |
အနန္တတန်ခိုးရှင်သည် အချိန်ကာလကို အဘယ်ကြောင့် သတ်မှတ်တော်မမူသနည်း။ ကိုယ်တော်နှင့်သိကျွမ်းသောသူတို့သည် ကိုယ်တော်၏နေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။
“ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
ငါ၏သန့်ရှင်းသူတို့ကို ငါမိန့်မှာထားပြီ။ ငါ့အမျက်တော်အတိုင်းလုပ်ဆောင်ရန် ငါဂုဏ်ယူဝင့်ကြွားရာစစ်သူရဲများကို ငါဆင့်ခေါ်ပြီ။
ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။
အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
ကောင်းကင်၌ ငါ့ဓားသည် ကျေနပ်အားရစွာစီရင်ပြီးမှ ကြည့်ရှုလော့။ ဧဒုံပြည်အပေါ်၊ ငါကျိန်သောလူမျိုးအပေါ် တရားစီရင်ရန်ဆင်းလာမည်။
ထာဝရဘုရား၏ဓားတော်သည် သွေးနှင့်ဝပြီ၊ အဆီနှင့်အီပြီ။ သိုးသငယ်နှင့်ဆိတ်ထီးတို့၏သွေး၊ သိုးထီးတို့၏ကျောက်ကပ်အဆီတို့နှင့် ဝအီလေပြီ။ အကြောင်းမူကား ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပူဇော်ပွဲ၊ ဧဒုံပြည်၌ ကြီးမားသောသားသတ်ပွဲ ကျင်းပတော်မူပြီ။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
ကြည့်ရှုလော့။ အချိန်ကျရောက်လေပြီ။ ပျက်စီးခြင်း ရောက်လာလေပြီ။ တောင်ဝှေးသည် အဖူးဖူးလေပြီ။ မာန်မာနသည် အပွင့်ပွင့်လေပြီ။
အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။
ကြောက်မက်ဖွယ်ကောင်းသော ထာဝရဘုရား၏နေ့ရက်ကြီးမရောက်မီ နေသည် မှောင်မိုက်၍ လသည် သွေးဖြစ်လိမ့်မည်။
သေဆုံးသူနှင့်ဆွေမျိုးတော်သည့် အလောင်းမီးသင်္ဂြိုဟ်သူက အရိုးတို့ကို အိမ်မှ ထုတ်ယူလာပြီး အိမ်ထဲရှိသူအား “အထဲမှာ လူကျန်သေးသလော”ဟု မေးလျှင် ထိုသူက “မကျန်ပါ”ဟု ဆို၏။ ထို့နောက် သူက “တိတ်တိတ်နေပါ။ ထာဝရဘုရား၏နာမကို ဖွင့်ဟမပြောဆိုရ”ဟု ဆိုလိမ့်မည်။
“ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
ထာဝရဘုရား၏နေ့ရက်တော်ကြီး ရောက်လုနီးပြီ၊ ရောက်လုနီးပြီ။ အလျင်အမြန်ရောက်လာတော့မည်။ ထာဝရဘုရား၏နေ့ရက်တော်တွင် အော်ဟစ်သံသည် ခါးသီး၏။ စစ်သူရဲတို့ပင် ကျယ်လောင်စွာအော်ဟစ်ကြလိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရား၏နေ့ရက်ရောက်လာပြီ။ ထိုနေ့တွင် သင်တိုက်ခိုက်လုယူထားသောပစ္စည်းတို့ကို သင့်ရှေ့၌ပင် ခွဲဝေယူကြလိမ့်မည်။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။
သင်တို့၏ညင်သာသောသဘောကို လူအပေါင်းတို့အား သိစေကြလော့။ သခင်ဘုရားသည် အနီး၌ရှိတော်မူပြီ။
သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။
ရှမွေလကလည်း “ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငြိမ်းချမ်းရေးအတွက် လာပါ၏။ ကိုယ်ကို စင်ကြယ်စေကြပြီး ငါနှင့်အတူ ယဇ်ပူဇော်ပွဲသို့ လာကြလော့”ဟု သူတို့အား ဆို၏။ ယေရှဲနှင့် သူ့သားများကိုလည်း စင်ကြယ်အောင်ပြုပြီးမှ ယဇ်ပူဇော်ပွဲသို့လာရန် ဖိတ်ခေါ်၏။
ထိုနေ့တွင် ရှောလုမင်းကြီးက “ဒါဝိဒ်သည် တစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်၍ဖြစ်မည်။ စင်စစ် သူမစင်မကြယ်ဖြစ်၍ မလာခြင်းဖြစ်မည်”ဟု တွေး၍ မည်သို့မျှမပြောပေ။