ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
ဇေဖနိ 1:16 - မြန်မာ့စံမီသမ္မာကျမ်း မြင့်သောမျှော်စင်ကြီးများ၊ ခိုင်ခံ့သောမြို့များကို ဆန့်ကျင်၍ တံပိုးမှုတ်ကြွေးကြော်သောနေ့ ဖြစ်လိမ့်မည်။ Common Language Bible ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။ Garrad Bible မြင့် သော ခံ တပ်၊ ခံ မြို့ များ တစ် ဘက်၊ တံ ပိုး မှုတ်၍ အောင် သံ လွှင့် ရာ နေ့ ဖြစ် သည့် အ တိုင်း၊ Judson Bible ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တစ်ဖက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ ဖြစ်၏။ |
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
အကြောင်းမူကား နန်းတော်သည် စွန့်ထားခြင်းခံရ၍ လူစည်ကားသောမြို့သည် စွန့်ခွာခြင်းခံရမည်။ ရဲတိုက်၊ ကင်းစောင့်မျှော်စင်တို့သည် သားရဲတို့အစဉ်ခိုအောင်းရာ ဖြစ်သွားလိမ့်မည်။ မြည်းရိုင်းများနေပျော်ရာ၊ တိရစ္ဆာန်တို့ကျက်စားရာ ဖြစ်လိမ့်မည်။
ငါတို့သည် မျက်မမြင်ကဲ့သို့ နံရံကိုလိုက်စမ်းရ၏။ မျက်စိမပါသောသူကဲ့သို့ လိုက်စမ်းရ၏။ မှောင်ရီပျိုးချိန်၌ ခလုတ်တိုက်သကဲ့သို့ မွန်းတည့်ချိန်မှာပင် ခလုတ်တိုက်ကြ၏။ သန်မာသောသူများကြား၌ လူသေကဲ့သို့ဖြစ်ကြ၏။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
ဒန်ပြည်မှ မြင်းနှာမှုတ်သံကိုကြားရ၏။ စစ်မြင်းတို့၏ဟီသံကြောင့် တစ်ပြည်လုံးတုန်ခါလေ၏။ ရန်သူတို့သည် ရောက်လာ၍ ပြည်နှင့်ပြည်ထဲရှိအရာအားလုံးတို့ကိုလည်းကောင်း၊ မြို့နှင့်မြို့သူမြို့သားတို့ကိုလည်းကောင်း ဝါးမျိုလေပြီ။
အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
ဂိဗာမြို့၌ သိုးချိုမှုတ်ကြလော့။ ရာမမြို့၌ တံပိုးခရာမှုတ်ကြလော့။ ဗေသဝင်မြို့၌ တပ်လှန့်အချက်ပေးကြလော့။ ‘အို ဗင်္ယာမိန်၊ အနောက်သို့လှည့်ကြည့်လော့။’
တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
သင်ယုံကြည်ကိုးစားသော သင့်ပြည်တစ်ပြည်လုံးရှိမြို့အားလုံး၏မြင့်မားခိုင်ခံ့သောမြို့ရိုးများ မပြိုကျမချင်း သူတို့သည် သင့်ကိုဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်တစ်ပြည်လုံးရှိမြို့အားလုံးကို သူတို့ဝိုင်းထားလိမ့်မည်။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။