ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ဇာခရိ 7:7 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့နှင့် အနီးဝန်းကျင်ရှိမြို့ရွာများ၌ လူအများစိုးရိမ်ကြောင့်ကြမှုကင်းစွာနေထိုင်ကြရစဉ်က၊ နေဂေ့အရပ်နှင့်မြေနိမ့်ဒေသတွင် လူသူနေထိုင်သေးစဉ်က ထာဝရဘုရားသည် ရှေးပရောဖက်တို့မှတစ်ဆင့် ဤစကားတို့ကိုမိန့်တော်မူခဲ့ရသည် မဟုတ်လော’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။ Common Language Bible ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။ Garrad Bible ပတ် ဝန်း ကျင် ရှိ ဇ န ပုဒ် များ နှင့် တ ကွ၊ ယေ ရု ရှ လင် မြို့ တော် သည်၊ ငြိမ် ငြိမ် သက် သက် စည် ကား လျက်၊ နေ ဂပ် ခ ရိုင်၊ ရှ ဖေ လ ခ ရိုင် လည်း စည် ကား လျက် ရှိ စဉ်၊ အ ထက် ပ ရော ဖက် တို့ အား ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ဟစ် ကြော် ခဲ့ သော အ ချက် များ ကို သင် တို့ နာ ခံ အပ် ကြ သည် တ ကား ဟူ ၍ တည်း။ Judson Bible ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ရှိသော မြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသောအရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော်ပြည့်စုံပြီ မဟုတ်လောဟု မိန့်တော်မူ၏။ |
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
တောင်ဘက်အရပ်ရှိမြို့များ ပိတ်ထားခြင်းခံရပြီ။ ဖွင့်မည့်သူတစ်ယောက်မျှမရှိ။ ယုဒပြည်သားအပေါင်းတို့သည် တစ်ယောက်မကျန်ဖမ်းခေါ်သွားခြင်းခံရလေပြီ။
သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ ဗင်္ယာမိန်ပြည်၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်မှ ရောက်လာကြလိမ့်မည်။ သူတို့သည် မီးရှို့ရာယဇ်၊ ယဇ်ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ၊ လော်ဗန်နှင့်တကွ ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာကြလိမ့်မည်။
သင်ကောင်းစားစဉ်အခါက သင့်အား ငါသတိပေးသော်လည်း သင်က ‘ငါနားမထောင်’ဟု ပြန်ပြော၏။ ငယ်စဉ်ကပင် ငါ့စကားကိုနားမထောင်ဘဲနေသည်မှာ သင်၏အကျင့်ဖြစ်၏။
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ငါပြန်လာစေသဖြင့် ဗင်္ယာမိန်ပြည်၊ ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၌ လယ်တို့ကို အသိသက်သေများခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးတံဆိပ်ခတ်ပြီး ငွေဖြင့်ဝယ်ယူကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။
သင်တို့၏အပြုအမူအကျင့်အကြံတို့ကို အမှန်ပြုပြင်လျှင်၊ သင်တို့သည် အိမ်နီးချင်းအချင်းချင်းကြား တရားမျှတစွာစီရင်လျှင်၊
သူတို့၏စိတ်ကို စိန်ကဲ့သို့မာကျောစေကြသဖြင့် ရှေးပရောဖက်တို့မှတစ်ဆင့် ဝိညာဉ်တော်အားဖြင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေးတော်မူသော ပညတ်တရားများနှင့် နှုတ်တော်ထွက်စကားများကို မလိုက်နာကြ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။
နေဂေ့အရပ်နှင့် စွန်ပလွံမြို့ဟုခေါ်သောဂျေရိခေါမြို့၏ချိုင့်ဝှမ်းဒေသမှ ဇောရမြို့တိုင်အောင်လည်းကောင်း ပြည်တစ်ပြည်လုံးကို ပြတော်မူ၏။