အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ဇာခရိ 7:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။ Common Language Bible မုန်တိုင်းသဖွယ်တိုက်ခတ်ကာနိုင်ငံရပ် ခြားများသို့လွင့်စင်သွားစေ၏။ ဤသာ ယာသောပြည်သည်လည်းနေထိုင်သူမ ရှိဘဲလူသူဆိတ်ငြိမ်ရာဖြစ်လျက်ကျန် ရစ်ခဲ့ပေသည်'' ဟုမိန့်တော်မူ၏။ Garrad Bible မ သိ ဘူး သော လူ အ မျိုး မျိုး တို့ တွင်၊ လေ ပြင်း မုန် တိုင်း သ ဖွယ် တိုက် လွင့် စေ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား တင် ရင် မိန့် ဆို သည့် အ တိုင်း၊ ဝင် သူ ထွက် သူ မဲ့ သည့် တိုင် အောင်၊ နေ ရင်း ပြည် သည် ဆိတ် ညံ ရာ ရောက်၏။ ထို သို့ ပင် သာ ယာ သော ပြည် တော် ကို ဆိတ် ညံ ရာ ရောက် စေ ကြ လေ စွ ဟူ၍ တည်း။ Judson Bible သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေပွေတိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့်၊ သူတို့ ပြည်သည် လူဆိတ်ညံလျက်ရှိ၍ အဘယ်သူမျှ မသွားမလာ။ သာယာသောပြည်သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လေပြီတကားဟု မိန့်တော်မူ၏။ |
အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ဆူးလေပင်နှင့်မွှေးသောမီး၏အပူရှိန်ကို သင်တို့အိုးများမသိရမီ ထိုဆူးများသည် စိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေ ကိုယ်တော်လွင့်ပါးစေတော်မူလိမ့်မည်။
လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။
ပင်လယ်နားရှိတောကန္တာရနှင့်ဆိုင်သောဗျာဒိတ်တော်။ နေဂေ့အရပ်၌တိုက်ခတ်သောလေပွေကဲ့သို့ ဘေးသည် တောကန္တာရ၊ ကြောက်မက်ဖွယ်ပြည်မှလာ၏။
သင့်ကိုစွန့်ပစ်မုန်းတီးကြပြီး မည်သူမျှမဖြတ်သန်းကြသော်လည်း ငါသည် သင့်ကို ထာဝရဂုဏ်ယူဝင့်ကြွားစရာ၊ မျိုးဆက်အဆက်ဆက်ပျော်ရွှင်စရာဖြစ်စေမည်။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မီးနှင့်ကြွလာတော်မူမည်။ လေပွေကဲ့သို့ စစ်ရထားနှင့်ကြွလာတော်မူမည်။ ရန်သူတို့ကို အမျက်ပြင်းစွာတုံ့ပြန်မည်။ မီးလျှံဖြင့်ဆုံးမမည်။
သိုးထိန်းအမြောက်အမြားတို့သည် ငါ့စပျစ်ခြံကို ဖျက်ဆီးကြပြီ။ ငါ့လယ်ကွင်းကို နင်းချေကြပြီ။ ငါတန်ဖိုးထားသောလယ်မြေကို လူသူကင်းမဲ့ရာတောကန္တာရကဲ့သို့ ဖြစ်စေကြပြီ။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ ပြင်းစွာသောမုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ မုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
အကြီးအကဲတို့က ဗာရုတ်အား “သင်နှင့်ယေရမိ သွား၍ပုန်းရှောင်နေလော့။ သင်တို့ရှိသည့်နေရာကို မည်သူမျှမသိစေနှင့်”ဟု ဆိုကြ၏။
ထို့ကြောင့် ငါ့အမျက်ဒေါသမီးကို ငါသွန်ချသဖြင့် ယုဒမြို့ရွာများနှင့် ဂျေရုဆလင်မြို့လမ်းတို့ကို လောင်ကျွမ်းလေပြီ။ ယခုကဲ့သို့ ပြိုပျက်ရာအရပ်၊ လူသူကင်းမဲ့ရာအရပ် ဖြစ်လေပြီ’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အို အစ္စရေးလူမျိုး၊ ကြည့်ရှုလော့။ ဝေးသောအရပ်မှ လူမျိုးခြားတစ်မျိုးကို သင့်ထံ ငါခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် အားကြီးသောလူမျိုး၊ ရှေးကာလကပင် ရှိနှင့်သောလူမျိုး၊ သူတို့ဘာသာစကားကို သင်မသိ၊ သူတို့ပြောသောစကားကို သင်နားမလည်သော လူမျိုးဖြစ်၏။
နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ဂျူးလူမျိုးခုနစ်ရာလေးဆယ့်ငါးယောက်၊ စုစုပေါင်း လူလေးထောင့်ခြောက်ရာတို့ကို ဖမ်းခေါ်သွားလေသတည်း။
အစ္စရေးပြည်၊ ဂျေရုဆလင်မြို့သူမြို့သားတို့အား ‘ဘုရားရှင်ထာဝရဘုရားက သူတို့သည် အစာကို စိုးရိမ်ပူပန်စိတ်ဖြင့် စားရမည်။ ရေကို ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် သောက်ရမည်။ ပြည်သူပြည်သားအပေါင်းတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့ရလိမ့်မည်။
သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။
သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။
ထိုချိုလေးချောင်းမှတစ်ချောင်းတွင် ချိုအတက်တစ်ခုပေါက်လာ၍ တောင်ဘက်၊ အရှေ့ဘက်၊ သာယာဝပြောသောပြည်ဘက်သို့တိုင်အောင် ကြီးမားလာလေ၏။
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
သူတို့ရှေ့တွင် ဝါးမျိုသောမီး ရှိ၏။ သူတို့နောက်တွင် လောင်ကျွမ်းသောမီးလျှံ ရှိ၏။ ပြည်တော်သည် ယခင်က ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သော်လည်း သူတို့ပေါ်လာပြီးနောက်တွင် ဆိတ်ညံသောတောကန္တာရကဲ့သို့ ဖြစ်လေပြီ။ သူတို့ဘေးရန်မှ လွတ်မြောက်သောအရာ တစ်ခုမျှမရှိ။
ငါသည် သင်တို့ထဲသို့ တောရိုင်းတိရစ္ဆာန်ကို ဝင်ရောက်စေသဖြင့် ထိုတိရစ္ဆာန်သည် သင်တို့၏သားသမီးကို ကိုက်သတ်၍ သင်တို့၏တိရစ္ဆာန်ကို ဖျက်ဆီးလိမ့်မည်။ သင်တို့ကို လျော့နည်းစေ၍ သင်တို့၏လမ်းများသည် လူသူကင်းမဲ့လိမ့်မည်။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ တန်ခိုးကြီးသောဘုရား၊ အပြစ်ရှိသူကို အပြစ်ဒဏ်မခတ်ဘဲမနေသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် လေပွေနှင့် မိုးသက်မုန်တိုင်းအလယ်တွင် ကြွမြန်းတော်မူ၏။ မိုးတိမ်တို့သည် ခြေတော်အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်၏။
အဖိနှိပ်ခံရသောသူတို့ကို ကွယ်ရာ၌ ဝါးမျိုရသည်ကို အားရနှစ်သက်၍ အကျွန်ုပ်တို့ကိုကွဲလွင့်သွားအောင် လေပွေသဖွယ်တိုက်ခိုက်လာသောသူ၏စစ်သည်တို့ဦးခေါင်းကို သူ၏လှံဖြင့်ပင် ထိုးဖောက်တော်မူ၏။
“လူမျိုးတကာတို့ကို ငါပယ်ရှင်းပြီ။ သူတို့၏မျှော်စင်များ ပျက်စီးလေပြီ။ လမ်းတို့ကိုလည်း ခြောက်ကပ်စေပြီဖြစ်၍ ဖြတ်သန်းသွားလာသောသူမရှိ။ မြို့များကိုလည်း ဖျက်ဆီးပစ်ပြီဖြစ်၍ နေထိုင်သူတစ်ဦးမျှမရှိပေ။
ထာဝရဘုရားက “ထွက်ပြေးကြ၊ ထွက်ပြေးကြ၊ မြောက်အရပ်မှ ထွက်ပြေးကြ။ မိုးကောင်းကင် လေးမျက်နှာသို့ သင်တို့ကို ငါကွဲလွင့်စေပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိကိုယ်ကို ထင်ရှားတော်မူမည်။ ကိုယ်တော်၏မြားတော်သည် လျှပ်ပြက်သကဲ့သို့ ထွက်သွားလိမ့်မည်။ ဘုရားရှင်ထာဝရဘုရားသည် တံပိုးကိုမှုတ်လျက် တောင်ဘက်မှမုန်တိုင်းနှင့်အတူ ကြွချီတော်မူမည်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
ထာဝရဘုရားသည် မြေကြီးစွန်းဝေးသောအရပ်မှ လူမျိုးတစ်မျိုးကို သင့်ထံသို့ခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင့်ကို ထိုးသုတ်လိမ့်မည်။ သူတို့၏ဘာသာစကားကို သင်နားမလည်။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။