တစ်ဖန် ငါမျှော်ကြည့်ပြန်ရာ တောင်နှစ်လုံးကြားမှ စစ်ရထားလေးစီးထွက်လာသည်ကို ငါမြင်ရ၏။ ထိုတောင်တို့သည် ကြေးနီတောင်များ ဖြစ်ကြ၏။
အခြားဗျာဒိတ်ရူပါရုံတစ်ခုကိုငါမြင်ရ ပြန်၏။ ဤအကြိမ်၌ငါသည်ကြေးဝါတောင် နှစ်ခုကြားမှထွက်လာသောစစ်မြင်းရထား လေးစီးကိုမြင်ရလေသည်။-
နောက် တစ် ဖန်၊ ငါ မော် ကြည့် သော်၊ ကြေး တောင် နှစ် လုံး ကြား မှာ ပေါ် လာ သော စစ် ရ ထား လေး စီး အ နက်၊
တစ်ဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
ထို့နောက် ဧလိရှဲက “အို ထာဝရဘုရား၊ သူ၏မျက်စိကိုဖွင့်ပေး၍ သူ့ကိုမြင်စေတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားသည် ထိုငယ်သား၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် ဧလိရှဲပတ်ပတ်လည်တွင် မြင်းနှင့်ကသောမီးစစ်ရထားများ တောင်တစ်တောင်လုံးပြည့်နေသည်ကို တွေ့ရလေ၏။
ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
ရှေးကာလမှစ၍ ငါသည် ဘုရားသခင်ဖြစ်၏။ ငါ့လက်မှ ကယ်တင်နိုင်သောသူ တစ်ယောက်မျှမရှိ။ ငါပြုသောအမှုကို မည်သူပြောင်းပြန်ဖြစ်စေနိုင်မည်နည်း”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မီးနှင့်ကြွလာတော်မူမည်။ လေပွေကဲ့သို့ စစ်ရထားနှင့်ကြွလာတော်မူမည်။ ရန်သူတို့ကို အမျက်ပြင်းစွာတုံ့ပြန်မည်။ မီးလျှံဖြင့်ဆုံးမမည်။
ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
မြေတွင်စွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တိရစ္ဆာန်တို့နှင့်အတူ မြက်ပင်ကို အတူစားစေ။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
ထိုချိုကြီးသည် ကျိုးသွား၍ ထိုနေရာတွင်ပေါက်လာသောချိုလေးချောင်းသည် ထိုနိုင်ငံမှပေါ်လာမည့်နိုင်ငံလေးနိုင်ငံ ဖြစ်၏။ သို့သော် ထိုနိုင်ငံကဲ့သို့ တန်ခိုးထွားမည်မဟုတ်။
တစ်ဖန် ငါသည်မျှော်ကြည့်လျှင် ပျံဝဲနေသောစာလိပ်ကို မြင်၏။
ကောင်းကင်တမန်က ငါ့အား “ဤအရာများကား မြေကြီးတစ်ပြင်လုံး၏အရှင်ရှေ့တော်၌ ခစားရာမှ ထွက်လာသော မိုးကောင်းကင်မှ လေလေးပါးဖြစ်၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။