အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
ဇာခရိ 3:9 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုရှေ့တွင် ငါချထားသောကျောက်တုံးကို ကြည့်လော့။ ထိုကျောက်တုံးပေါ်တွင်မျက်စိခုနစ်လုံးပါ၏။ ငါသည် ထိုကျောက်တုံးပေါ်တွင် ကျောက်စာကမ္ပည်းထိုးထားမည်။ ဤပြည်၏အပြစ်တို့ကို တစ်နေ့ချင်းတွင် ငါဖယ်ရှားပစ်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible မှန်ကူကွက်ခုနစ်ခုရှိသောကျောက်တုံးကို လည်း ယောရှု၏ရှေ့တွင်ငါချထားမည်။ ထို ကျောက်ပေါ်တွင်ကမ္ပည်းရေးထိုးပြီးလျှင် ဤ ပြည်၏အပြစ်ဒုစရိုက်ကိုတစ်နေ့ချင်း တွင်းပယ်ရှားပစ်မည်။-'' Garrad Bible မျက် စိ ပုံ ခု နစ် လုံး ပါ ရှိ သော တိုက် ထွဋ် ကျောက် ကို၊ ယော ရှု ရှေ့ တွင် ငါ ချ ထား လျက်၊ က မ္ပည်း စာ ရေး တင် သော နေ့ ရက် တွင်၊ ပြည် တော်၏ ဒု စ ရိုက် ကို ပယ် မည် ဟူ ၍ လည်း ကောင်း၊ Judson Bible ယောရှုရှေ့မှာ ငါထားသောကျောက်ကို ကြည့်ရှုလော့။ ထိုကျောက်တစ်ခုကို မျက်စိခုနစ်လုံးကြည့်ရှုလျက်ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တစ်နေ့ချင်းတွင် ဤပြည်၏အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ |
အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
အရှေ့အရပ်သည် အနောက်အရပ်နှင့်ဝေးကွာသည့်အတိုင်း ကိုယ်တော်သည် ငါတို့ကျူးလွန်သောအပြစ်များကို ငါတို့နှင့်ဝေးကွာစေတော်မူ၏။
အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတို့၏အမည်များအလိုက် စီထားရမည်။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုးရမည်။
သင်သည် ရွှေစင်ပြားကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ဟု ကမ္ပည်းထိုးရမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုနေ့ရက်၊ ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သောသူတို့ကို ငါခွင့်လွှတ်မည်ဖြစ်၍ အစ္စရေးလူမျိုး၏ဒုစရိုက်ကို ရှာသော်လည်း တွေ့မည်မဟုတ်။ ယုဒလူမျိုး၏အပြစ်ကိုရှာသော်လည်း တွေ့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်တမန်ကလည်း သူ့ရှေ့တွင်ရပ်နေသောသူတို့အား “ညစ်ပေနေသောသူ့အဝတ်များကို ချွတ်ပစ်ပါ”ဟု ဆိုပြီးလျှင် ယောရှုအား “ကြည့်ပါ။ သင့်အပြစ်တို့ကို သင့်ထံမှ ငါဖယ်ရှားပစ်ပြီ။ ခန့်ညားထည်ဝါသောအဝတ်ကိုလည်း ဝတ်ဆင်ပေးမည်”ဟု မိန့်ဆို၏။
သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။
ဤသည်ကား “ကြည့်ရှုလော့။ ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်နှိပ်တော်မူ၍ စရန်အဖြစ် ငါတို့၏စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို သွင်းပေးတော်မူ၏။
သင်တို့သည် ငါတို့ပြုစုသော ခရစ်တော်၏စာဖြစ်ကြောင်း ထင်ရှားလျက်ရှိ၏။ ထိုစာကို မင်အားဖြင့်မဟုတ်ဘဲ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရေးထားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်၌မဟုတ်ဘဲ လူ၏နှလုံးသားပြင်ပေါ်၌ရေးထားခြင်းဖြစ်၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။
ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။
ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။