သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
ဇာခရိ 14:2 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။ Common Language Bible ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။- Judson Bible ယေရုရှလင်မြို့ကို တိုက်စေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကိုတိုက်ယူပြီးလျှင်၊ အိမ်တို့ကိုလုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုသိမ်းသွား၍ တစ်ဝက်သာ မြို့၌ကျန်ကြွင်းလိမ့်မည်။ |
သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
ဇိအုန်တောင်၌ကြွင်းကျန်သောသူ၊ ဂျေရုဆလင်မြို့၌ကျန်ရစ်သောသူ စသည့် ဂျေရုဆလင်မြို့တွင်အသက်ရှင်သောသူတို့စာရင်း၌ ရေးမှတ်ထားသောသူအားလုံးသည် သန့်ရှင်းသူဟု ခေါ်ဝေါ်ခြင်းခံကြရလိမ့်မည်။
ကိုယ်တော်သည် ဝေးသောအရပ်မှလူမျိုးတို့အတွက် အချက်ပြအလံကိုလွှင့်ထူတော်မူ၏။ မြေကြီးစွန်းအရပ်ရှိလူတို့ကို လေချွန်၍ခေါ်တော်မူ၏။ ကြည့်ရှုလော့။ သူတို့သည် အလျင်အမြန်ပြေးလာကြလိမ့်မည်။
ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ကို ပျော်ရွှင်ဖွယ်ရာမြို့အဖြစ်၊ မြို့သားတို့ကို ဝမ်းမြောက်သောသူများအဖြစ် ငါဖန်ဆင်းသည်ဖြစ်၍ ငါဖန်ဆင်းသောအရာ၌ အစဉ်ထာဝရဝမ်းမြောက်ရွှင်လန်းကြလော့။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြို့ရိုးအပြင်ဘက်၌ဝိုင်းထားသော ဘေဘီလုံဘုရင်နှင့် ခါလဒဲလူမျိုးတို့ကို တိုက်ခိုက်ရန် သင်တို့ကိုင်စွဲထားသောလက်နက်များကို သင်တို့ထံပြန်လှည့်စေမည်။ ထိုလက်နက်တို့ကို မြို့ထဲ၌ ငါစုသိမ်းမည်။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အားလုံး၊ သူ၏လက်အောက်ခံတိုင်းနိုင်ငံများ၊ လူမျိုးများအားလုံးသည် ဂျေရုဆလင်မြို့ရွာရှိသမျှတို့ကို တိုက်ခိုက်လာစဉ် ထာဝရဘုရားထံတော်မှနှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် သင့်ကိုစီရင်မည်။ လူမျိုးတကာတို့ရှေ့တွင် သင့်ကိုစီရင်မည်။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
လူမျိုးတကာတို့ထံ ဤသို့ကြေညာလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြ။ စစ်သူရဲတို့ကို နှိုးဆော်ကြ။ စစ်သည်အပေါင်းတို့ချီတက်တိုက်ခိုက်ကြ။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
“ကြည့်ရှုလော့။ ငါသည် ဂျေရုဆလင်မြို့ကို ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ သောက်၍ယစ်မူးသောခွက် ဖြစ်စေမည်။ ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်သည်လည်း ဝိုင်းထားခြင်းခံရလိမ့်မည်။
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်လာမည့် လူမျိုးတကာတို့အား ငါရှာဖွေဖျက်ဆီးပစ်မည်။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာသည် မရပ်သင့်သောနေရာ၌ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။
အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူသည့် ဖန်ဆင်းခံလောက၏အစအဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ကျရောက်လိမ့်မည်။
ထိုနေ့ရက်များ၌ ဩဂုတ္တုဆီဇာသည် လက်အောက်ခံနိုင်ငံအားလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။