ဇာခရိ 14:2 - Common Language Bible2 ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။- အခန်းကိုကြည့်ပါ။Judson Bible2 ယေရုရှလင်မြို့ကို တိုက်စေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကိုတိုက်ယူပြီးလျှင်၊ အိမ်တို့ကိုလုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုသိမ်းသွား၍ တစ်ဝက်သာ မြို့၌ကျန်ကြွင်းလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့အားပြန်လည်စုရုံး၍ တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။
ကိုယ်တော်က``ငါသည်ယေရုရှလင်မြို့ကို စပျစ်ရည်ခွက်ဖလားနှင့်တူစေမည်။ မြို့ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့သည် ထိုစပျစ်ရည်ကိုသောက်၍ သေသောက်ကြူး များကဲ့သို့ယိမ်းယိုင်လျက်နေကြလိမ့်မည်။ သူတို့သည်ယေရုရှလင်မြို့ကိုဝိုင်းရံ တိုက်ခိုက်ကြသောအခါ အခြားယုဒမြို့ တို့သည်လည်းအဝိုင်းခံရကြလိမ့်မည်။-