ထာဝရဘုရားက “ငါ၏စားကျက်မှသိုးတို့ကို ဖျက်ဆီးသောသိုးထိန်း၊ ကွဲလွင့်စေသောသိုးထိန်းတို့သည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ဇာခရိ 11:15 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ငါ့အား “မိုက်မဲသောသိုးထိန်း၏အသုံးအဆောင်ကို နောက်တစ်ဖန် ယူလော့။ Common Language Bible ထာဝရဘုရားကငါ့အား``သင်သည်နောက် တစ်ကြိမ်သိုးထိန်းကဲ့သို့ပြုမူပြန်ဦးလော့။ ယခုအကြိမ်၌သိုးထိန်းမိုက်ကဲ့သို့ဖြစ်၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ ယ ခု တစ် ဖန်၊ မိုက် မဲ သော အ ထိန်း အ ကျောင်း၏ ကိ ရိ ယာ များ ကို ဆောင် ယူ လော့။ Judson Bible တစ်ဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏တန်ဆာတို့ကို သိမ်းယူလော့။ |
ထာဝရဘုရားက “ငါ၏စားကျက်မှသိုးတို့ကို ဖျက်ဆီးသောသိုးထိန်း၊ ကွဲလွင့်စေသောသိုးထိန်းတို့သည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။
ဘုရားရှင်ထာဝရဘုရားက ‘ဗျာဒိတ်နိမိတ်ကိုမမြင်ရဘဲ ကိုယ့်စိတ်သဘောအတိုင်းဟောပြောတတ်သည့် မိုက်မဲသောပရောဖက်တို့၌ အမင်္ဂလာရှိ၏။
သိုးတို့ကိုပစ်ထားသည့် အသုံးမကျသောသိုးထိန်းသည် အမင်္ဂလာရှိ၏။ သူ၏လက်မောင်းနှင့် သူ၏ယာဘက်မျက်လုံးသည် ဓားထိုးခံရ၍ သူ့လက်မောင်းသည် အကြောသေပြီး ယာဘက်မျက်လုံးသည် ကွယ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
မိုက်မဲသောမျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ထိုရွှေလော၊ သို့မဟုတ် ထိုရွှေကိုသန့်ရှင်းစေသည့် ဗိမာန်တော်လော။
မိုက်မဲသောသူတို့၊ အပြင်ဘက်ကိုဖန်ဆင်းတော်မူသောအရှင်သည် အတွင်းဘက်ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။