ဇာခရိ 11:17 - မြန်မာ့စံမီသမ္မာကျမ်း17 သိုးတို့ကိုပစ်ထားသည့် အသုံးမကျသောသိုးထိန်းသည် အမင်္ဂလာရှိ၏။ သူ၏လက်မောင်းနှင့် သူ၏ယာဘက်မျက်လုံးသည် ဓားထိုးခံရ၍ သူ့လက်မောင်းသည် အကြောသေပြီး ယာဘက်မျက်လုံးသည် ကွယ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 သိုး ဆိတ် တို့ ကို လက် လွှတ် လျက်၊ အ သုံး မ ဝင် သော အ ထိန်း အ ကျောင်း သည်၊ အ မင်္ဂ လာ ရှိ၏။ သူ့ လက် ရုံး နှင့် ပညာ မျက် စိ သည်၊ ဓား ခုတ် ခံ ရ သ ဖြင့်၊ လက် ရုံး သေ ခြောက် လျက်၊ မျက် စိ လည်း လုံး လုံး ကွယ် လိမ့် မည် ဟု ငါ့ အား မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible17 သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာ ရှိစေသတည်း။ သူ၏လက်ရုံးနှင့် လက်ယာမျက်စိ၌ ဓားဘေး ရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ယာမျက်စိသည် အကုန်အစင်မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။