လူအနည်းငယ်သည် လူတစ်ထောင်ဖြစ်လာမည်။ အားနည်းသောလူမျိုးသည် အားကြီးသောလူမျိုးဖြစ်လာမည်။ ငါထာဝရဘုရားသည် အချိန်တန်လျှင် ထိုအရာကို အလျင်အမြန်ဖြစ်စေမည်။
ဇာခရိ 10:10 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သူတို့ကို အီဂျစ်ပြည်မှ ပြန်ခေါ်လာမည်။ အဆီးရီးယားပြည်မှ ပြန်လည်စုသိမ်းမည်။ ဂိလဒ်ပြည်၊ လက်ဘနွန်တောင်သို့ ခေါ်ဆောင်လာမည်။ သူတို့နေစရာအဖို့ နေရာလပ်မကျန်အောင် ဖြစ်လိမ့်မည်။ Common Language Bible ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှ ပြန်လည်ခေါ်ဆောင်ကာ၊မိမိတို့နေရင်းပြည်တွင် နေရာချထားမည်။ သူတို့အားဂိလဒ်ပြည်နှင့်လေဗနုန်ပြည်တွင် လည်း ငါနေရာချထားမည်။ သို့ဖြစ်၍လူတို့နေစရာမြေမလောက် နိုင်အောင် ရှိလိမ့်မည်။ Garrad Bible ငါ သည် အိ ဂျစ် ပြည် မှ တစ် ဖန် ခေါ် ဆောင် ခြင်း၊ အာ ရှု ရိ ပြည် မှ စု သိမ်း ခြင်း ကို ပြု လျက်၊ ဂိ လဒ် နယ်၊ လေ ဗ နုန် နယ် များ တွင်၊ နေ ရာ လပ် မ ရှိ သည့် တိုင် အောင် ပြန် ပို့ ရာ၊ Judson Bible သူတို့ကို အဲဂုတ္တုပြည်မှ တစ်ဖန် ငါဆောင်ခဲ့ဦးမည်။ အာရှုရိပြည်မှခေါ်၍ စုဝေးစေမည်။ ဂိလဒ်ပြည်နှင့် လေဗနုန်ပြည်သို့ တစ်ဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့ နေစရာဖို့ မြေမလောက်နိုင်။ |
လူအနည်းငယ်သည် လူတစ်ထောင်ဖြစ်လာမည်။ အားနည်းသောလူမျိုးသည် အားကြီးသောလူမျိုးဖြစ်လာမည်။ ငါထာဝရဘုရားသည် အချိန်တန်လျှင် ထိုအရာကို အလျင်အမြန်ဖြစ်စေမည်။
ယုဒဘုရင်၏နန်းတော်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင်သည် ဂိလဒ်ပြည်ကဲ့သို့၊ လက်ဘနွန်တောင်ထိပ်ကဲ့သို့ ဖြစ်သော်လည်း ငါသည် သင့်ကို တောကန္တာရကဲ့သို့၊ လူမနေသောမြို့ကဲ့သို့ ဖြစ်စေမည်။
အစ္စရေးလူမျိုးကိုကား သူတို့စားကျက်မြေသို့ ပြန်ခေါ်လာမည်။ သူတို့သည် ကရမေလတောင်၊ ဗာရှန်တောင်၌ ကျက်စားကြလိမ့်မည်။ ဧဖရိမ်ပြည်၊ ဂိလဒ်ပြည်ရှိတောင်ကုန်းတို့၌ ဝလင်စွာစားရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။
သူတို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ငှက်ကဲ့သို့ အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့ အဆီးရီးယားပြည်မှလည်းကောင်း ထွက်လာကြလိမ့်မည်။ ငါသည် သူတို့ကို နေရင်းပြည်၌ နေရာချထားပေးမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဖမ်းခေါ်သွားခြင်းခံရသော အစ္စရေးလူမျိုးအလုံးအရင်းတို့သည် ခါနာန်ပြည်ကို ဇရတ္တမြို့တိုင်အောင် ပိုင်ဆိုင်ရလိမ့်မည်။ ဖမ်းခေါ်သွားခြင်းခံရ၍ သေဖရဒ်ပြည်သို့ရောက်ရှိသွားသော ဂျေရုဆလင်မြို့သားတို့သည် နေဂေ့အရပ်ရှိမြို့များကို ပိုင်ဆိုင်ရလိမ့်မည်။
စားကျက်မြေကောင်းသည့်တောမြိုင်အလယ်တွင် သီးသန့်နေသော ကိုယ်တော်၏အမွေတော်သိုးစုဖြစ်သည့် ကိုယ်တော်၏လူမျိုးတော်ကို တောင်ဝှေးတော်ဖြင့် ထိန်းကျောင်းတော်မူပါ။ ရှေးယခင် ဗာရှန်ပြည်၊ ဂိလဒ်ပြည်မှာကဲ့သို့ သူတို့ကို ကျွေးမွေးတော်မူပါ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ နေထွက်ရာအရပ်၊ နေဝင်ရာအရပ်တို့မှ ငါ့လူမျိုးတော်တို့ကို ငါကယ်နုတ်မည်။
သူတို့ကို ပြန်ခေါ်လာ၍ ဂျေရုဆလင်မြို့တွင် နေထိုင်စေပြီး သူတို့သည် ငါ၏လူမျိုးတော် ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့အဖို့ သစ္စာစောင့်သော၊ ဖြောင့်မတ်သောဘုရားသခင် ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။